ဆရာက အတန်းလွှတ်ပေးလိုက်တဲ့အချိန်မှာ တခြားကျောင်းသားတွေက အိမ်ပြန်ဖို့အလောတကြီးပြင်ဆင်နေပေမယ့် Kongpopတို့အဖွဲ့ကတော့ ထိုင်နေရင်းနေရာမှာပဲ အေးအေးဆေးဆေးထိုင်နေကြသည်။ဒီအချိန်ပြီးရင် ဒုတိယနှစ်တွေသူတို့အခန်းကိုလာပြီး hazingအချိန်မှာဝတ်ဖို့ တီရှပ်တွေလာပေးမယ်ဆိုတာ ကြိုသိပြီးသားလေ။
ဆရာထွက်သွားပြီးမကြာပါဘူး ဒုတိယနှစ်တွေရောက်လာပြီး တီရှပ်အဖြူတွေလာဝေတော့သည်။
"Hey Rome,မင်းsizeကSမလား"
Tewလှမ်းမေးလိုက်တော့ Kongpobဘေးမှာထိုင်နေတဲ့ Romeက မျက်လုံးပြူးပြီးအံ့သြတဲ့ပုံနဲ့ အထိတ်တလန့်ပြန်မေးလာသည်။
"Ai'Tew!!မင်း..မင်း.ဘယ်လိုသိတာလဲ?မင်း ချောင်းကြည့်ထားတယ်လို့တော့ မပြောနဲ့နော်!"
"ဘာတွေလဲကွာ။ငါက မင်း အင်္ကျီsizeကိုမေးနေတာ"
ထိုအခါကျမှ Romeက ရှက်ပြုံးလေးပြုံးကာ
"ဟီး ဟီး မသိပါဖူးကွာ ငါကတခြားဟာထင်နေတာ😁"
Romeစကားကြောင့် အကုန်လုံး ရယ်မိသွားကြသည်။Tewကတော့ Romeခေါင်းကို ပိတ်ရိုက်လိုက်ပြီး
"shitt!!Ai'Romeမင်းခေါင်းထဲမှာ ဒါတွေပဲရှိနေတာလား"
Wadကတော့ မနိုင်ဖူးဆိုတဲ့ ပုံစံနဲ့ ရယ်ရင်း ခေါင်းရမ်းနေသည်။
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
"P'Deer Sawadee krap"
"Aaa Wadee"
Arthitတို့အဖွဲ့ ပထမနှစ်တွေကို စောင့်ရင်း hazingခန်းထဲမှာ စကားပြောနေကြတုန်း P'Deerရောက်လာခြင်းဖြစ်သည်။
"မင်းတို့ အားလုံးနဲ့မိတ်ဆက်ပေးရဦးမယ်။သူနာမည်က Aawnတဲ့"
P'Deerက သူနဲ့အတူပါလာတဲ့ အရပ်ရှည်ရှည်၊အသားဖြူဖြူနဲ့ ကောင်လေးကိုပခုံးဖက်ရင်း မိတ်ဆက်ပေးလာသည်။ကောင်လေးကြည့်ရတာ ဒုတိယနှစ်က ထင်တယ်။အဖြူရောင်လက်ရှည်အင်္ကျီ့မှာအနီရောင်ကြိုးလေးစည်းထားတယ်။
"Sawadee krap P'Arthit,Sawadee krap Pတို့"
"Wadee Nong"
"သူကို ဒီခေါ်လာတာက မင်းတို့hazing teamထဲထည့်ပေးချင်လို့"
VOUS LISEZ
?Time Can Mess Thing Up?[myanmar translation]
FanfictionAuthor Kcrescent_Vရဲ့Time Can mess Thing Upလေးကို authorဆီကနေ ခွင့်ပြုချက်တောင်းပြီ ကြိုးစားtranထားပါတယ်။ facebookမှာတော့တင်ထား ကြာပါပြီ။authorက WPမှာလည်း တင်စေချင်နေတာကြောင့် ခုမှတင်လိုက်ရတာပါ။ #jay