"ငါတို့ အဖွဲ့နှစ်ဖွဲ့ခွဲရအောင်"Kongက lockerထဲကို ပစ္စည်းဆွေထဲနေရင်း အကြံပေးလာတယ်။
"omm..ဟုတ်တယ်။အဖွဲ့ခွဲလုပ်တာ ကပိုပြီး အကျိုးရှိမယ်ထင်တယ်"Wadကထောက်ခံတဲ့ သဘောဝင်ပြောတယ်။
"အဲ့ဒါဆို ဘယ်သူက ဘယ်သူနဲ့တွဲမှာလဲ"Tewက ဘာမှမသိတဲ့ကလေးတစ်ယောက်လိုမေးလာတယ်။
"ငါနဲ့Kongနဲ့တစ်ဖွဲ့၊မင်းနဲ့Romeနဲ့ကတစ်ဖွဲ့။ညနေခြောက်နာရီကျ Kongအခန်းမှာဆုံမယ်"Wadကပြောပြီးပြီးချင်း Kongလက်ကိုဆွဲကာ လှေကားဘက် ပြေးသွားတော့တယ်။
"ok ok see you later guys"Tewအော်ပြီးလှမ်းပြောလိုက်နေတာကို Romeက
"မင်း ဘာတွေစောင့်နေတာလဲ သွားမယ်"ဆိုပြီး Tewလက်ကိုဆွဲပြီး Kongတို့နဲ့ ဆန့်ကျင်ဘက်ကိုပြေးသွားတော့တယ်။
------------------------
စီနီယာတွေဆီက လက်မှတ်ယူဖို့အတွက် Tewနဲ့Rome canteenဘက်ကိုထွက်လာခဲ့ကြတယ်။Arthitတို့အုပ်စုနားက ဖြတ်လာတဲ့အခါမှာ Tewက သူ့P'Knottကိုမတွေ့ရဲသလိုRomeကလည်း သူ့P'Brightကို အဲ့ဒီအုပ်စုထဲမှာမတွေ့တာကြောင့် Arthitတို့အုပ်စုကို မမြင်ချင်ယောင်ဆောင်ပြီး ဖြတ်လာခဲ့ကြတယ်။ဒါပေမယ့် ကံတရားကသူတို့ကို မျက်နှာသာ မပေးခဲ့ပါဘူး။
"မင်းတို့နှစ်ယောက်!စီနီယာတွေကို လျစ်လျူတယ်ပေါ့!"Premရဲ့ကြောက်စရာကောင်းတဲ့အသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။သူတို့နှစ်ယောက်လုံး ခြေလှမ်းတွေကို ရပ်လိုက်ပီး မျက်နှာကိုအတတ်နိုင်ဆုံးပြုံးလိုက်ကာ စီနီယာအုပ်စုဘက်သို့ ချဉ်းကပ်လာလိုက်တယ်။
"Swadee krap P"နှစ်ယောက်လုံး ပြိုင်တူနှုတ်ဆက်လိုက်ကြတယ်။
"မင်းတို့နှစ်ယောက် ဘာတွေတွေးလာကြတာလဲ၊ငါတို့ကို တမင်မမြင်ချင်ယောင်ဆောင်တာလား?!"Arthitက ခြောက်လှန့်တဲ့အသံနဲ့မေးလိုက်တော့ Tewနဲ့Rome ကြောက်လွန်းလို့ ဇောချွေးတွေပင်ပြန်လာတော့သည်။
" အာ....ကျွန်တော်တို့နှစ်ယောက်လုံး အိမ်ကထွက်လာကတည်းက မျက်မှန်တပ်ဖို့မေ့လာကြလို့ပါ။အဲ့ဒါကြောင့် Pတို့ကို မမြင်တာပါ"Tewက ကြောက်အားလန့်အားနဲ့ရှင်းပြရှာတယ်။
"ငါတို့က မျက်မှန်နဲ့ကြည့်မှမြင်ရမဲ့ sizeတွေမဟုတ်ဘူးNong"Premကအော်လိုက်တယ်။Tewကိုကြည့်ရတာ ငိုချင်နေတာကို မျက်ရည်မကျအောင် ထိန်းချုပ်ထားနေရတဲ့ပုံ။
"မငိုပါနဲ့ ကလေးရယ်(သီချင်းဆိုတာ မဟုတ်ဘူးနော်😁)သူမင်းကို အပြစ်မပေးပါဘူး။ဒါမှမဟုတ် ဆွဲဖြဲမလားပဲ"Arthit တစ်ယောက် Tewငိုချင်တာကြောင့် တရှုံရှုံဖြစ်နေတာကိုမြင်၍ တမင်စနောက်ခြောက်လန့်လိုက်တယ်။Arthitစကားကိုကြားမှ Tewမျက်ရည်တွေ ရေစီးသလိုဒလဟောစီးကျလာတယ်။
Knott,Tewငိုနေတာကို ကြည့်ပီး သူ့စိတ်ထဲ အဆင်မပြေသလိုကြီးခံစားလိုက်ရတယ်။ဒါပေမယ့် သူ ဝင်မပြောခဲ့ပါဘူး။Arthitလက်ကို လှမ်းကိုင်လိုက်ပီး မခြောက်ပါနဲ့တော့ ဆိုတဲ့အသံတိတ်သဘောပြောလိုက်တယ်။
"အော့ဟော....မင်းတို့က ငါမရှိတုန်း ကျောင်းသားသစ်တွေကိုအနိုင်ကျင့်နေကြတာလား?"
Romeအသံကြားရာ အနောက်ကို လှည့်ကြည့်လိုက်တော့P'Brightဖြစ်နေတယ်။
"ဟုတ်တယ်P သူတို့"Romeက တိုင်တန်းသလိုပြောလိုက်တော့ Bright သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး Tootaဘေးမှာ ကို့ရို့ကားယားပုံစံနဲ့ဝင်ထိုင်လိုက်တယ်။Tootaကသူ့ကို စိတ်ရှုပ်တဲ့ပုံစံမျိုးနဲ့ကြည့်နေတယ် ဘာမှတော့မပြောသေး။
"ဒါနဲ့ မင်းတို့ရဲ့ နောက်ထပ်သူငယ်ချင်းကရော?"Arthit ကKongpopကို ရှာနေတဲ့ပုံစံနဲ့မေးလာတယ်။
"အော် သူက Wadနဲ့တူတူသွားတယ်။ကျွန်တော်တို့တွေ အဖွဲ့နှစ်ဖွဲ့ခွဲလိုက်တာလေ။ဒါမှ အလုပ်မြန်မြန်ပြီးအောင်လို့..."Tewကရှင်းပြတယ်။
"ငါသိချင်တာ မင်းတို့ဘာလို့အဖွဲနှစ်ဖွဲ့ခွဲလိုက်တာလဲ?!"Arthitတစ်ယောက်Tewကိုအော်လိုက်မိတယ်။
Romeရဲ့ဘယ်ဘက်မှာထိုင်နေတဲ့ Knottမနေသာတော့ပဲ စိတ်ရှုပ်နေတဲ့ပုံစံနဲ့ ဝင်ပြောလာတယ်။
"သူ့ကို ကြောက်အောင်ခြောက်နေတာတွေ တော်သင့်ပြီArthit!"
Knottအသံကတော်တော်ကျယ်သွားတာမို့Arthitထူးဆန်းစွာကြည့်လိုက်ပြီး "Hay ငါကဒီတိုင်းမေးရုံလေးပါ"
"ငါသိတယ်။ဒါပေမယ့် မင်းအဲ့လိုပြောနေတာက သူကိုကြောက်လန့်စေတယ်"Knottပြန်ပြောလာတော့ Arthitကမကြည်တဲ့ အကြည့်တွေနဲ့ကြည့်လာတယ်(ဝက်မျက်စောင်းပေါ့ဗျာ😂)ဒါပေမယ့် သူ့သူငယ်ချင်းစကားကိုတော့ နားထောင်ရှာပါတယ်။Tewကတော့ သူ့ရဲ့P'Knottစကားကြောင့် ကျေနပ်တဲ့အပြုံးကြီးနဲ့ ဝမ်းသာပီတီဂွမ်းဆီထိနေလေရဲ့။Next part.......
#jay
ပျင်းပေမယ့်လည်း ငပျင်းjayတစ်ယောက် updateပေးလိုက်ပါကြောင်း..................😁😁😁😁
မတင်တာကြာပေမယ့်လည်း စောင့်နေပေးကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအရမ်းတင်ပါတယ်ဗျာ
ESTÁS LEYENDO
?Time Can Mess Thing Up?[myanmar translation]
FanficAuthor Kcrescent_Vရဲ့Time Can mess Thing Upလေးကို authorဆီကနေ ခွင့်ပြုချက်တောင်းပြီ ကြိုးစားtranထားပါတယ်။ facebookမှာတော့တင်ထား ကြာပါပြီ။authorက WPမှာလည်း တင်စေချင်နေတာကြောင့် ခုမှတင်လိုက်ရတာပါ။ #jay