Rome နေ့လည်စာ စားပြီးကတည်းက ဘာမှမစားရသေးတာကြောင့် Wadနဲ့ဖုန်းပြောပြီးတော့ စားစရာတခုခုသွားဝယ်ဖို့ထွက်လာခဲ့သညခေါက်ဆွဲနဲ့ lemon teaပဲ စားဖို့ဆုံးဖြတ်လိုက်တယ်။မှာထားတာတွေ ယူပီးပြန်အလှည့် စားစရာတွေနဲ့အတူ P'Bright ကိုတွေ့လိုက်ရသည်။
"Sawadee kharp P' !!!"
အနောက်ကနေ ရုတ်တရက် အော်လိုက်တဲ့ Rome အသံကြောင့် Brightလန့်သွားရသည်။လှည့်ကြည့်လိုက်တော့ ဟိုအကောင်အသေးလေး။
"မင်း ငါ့ကို နှလုံးရောဂါရပြီး သေအောင်လုပ်နေတာလား?!"
"မလုပ်ပါဘူးPရယ်။ ကျွန်တော် မုဆိုးဖို ဖြစ်ဖို့ ငယ်လွန်းပါသေးတယ်"
"အေး ပြီးရော"
Bright ထိုအသေးလေးပြောတဲ့ စကားရဲ့ အဓိပ္ပာယ်ကို နားမလည်ပေမယ့်လည်း ပြီးပြီးရော ခေါင်းညိမ့်လိုက်သည်။အဓိက က ကိုယ့်အသက်မထိခိုက်ဖို့ပဲလေ။ပြီးမှ အနီးနားက စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်သည်။
Romeလည်း Brightနောက်လိုက်လာပြီး ထိုစားပွဲမှာပဲ ထိုင်လိုက်သည်။lemon teaကို တစ်ငုံစုပ်သောက်လိုက်ပြီး ခေါက်ဆွဲကို စားရင်းနဲ့မှ Brightကို ခွင့်တောင်းသည့်သဘောပြောလိုက်သည်။
"ကျွန်တော်လည်း ဒီမှာ ထိုင်မယ်နော်P"
"ထိုင်ပြီးလို့ စားတောင်စားနေပြီကို ဘာလို့ ငါ့ကို လာခွင့်တောင်းနေသေးလဲ"
Bright မကျေမနပ်ရေရွတ်ရင်း Rome နှုတ်ခမ်းစပ်နားကို မျက်လုံးကရောက်သွားသည်။(အယ် အယ်😬😬😬)
ထိုနောက် Rome ပါးစပ်နားမှာ ကပ်နေတဲ့ ခေါက်ဆွဲဖတ်ကို သုတ်ပေးလိုက်မိတယ်။(ဟာကွာ ခေါက်ဆွဲဖတ်😤😤😤ဖြစ်နေတယ်)
"စားတာကလည်း ပေပွနေတာပဲ!"
"ကျေးဇူးပါ P"
Romeကတော့ ပါးနှစ်ဖက်လုံး နီရဲသွားရင်း ကျေးဇူးတင်စကားပြောလာသည်။
"မင်းနာမည်က ဘယ်သူ?"
Bright,Romeပန်းကန်ထဲက ခေါက်ဆွဲကို နှိုက်စားရင်း မေးလိုက်သည်။
"ကျွန်တော် နာမည် Romeပါ"
"Hm, ငါက cutie patoties လို့ထင်နေတာ။မင်းပုံစံက ချစ်စရာကောင်းတယ်လေ"
ESTÁS LEYENDO
?Time Can Mess Thing Up?[myanmar translation]
FanficAuthor Kcrescent_Vရဲ့Time Can mess Thing Upလေးကို authorဆီကနေ ခွင့်ပြုချက်တောင်းပြီ ကြိုးစားtranထားပါတယ်။ facebookမှာတော့တင်ထား ကြာပါပြီ။authorက WPမှာလည်း တင်စေချင်နေတာကြောင့် ခုမှတင်လိုက်ရတာပါ။ #jay