ဘဝရုပ်ရှင်

8.7K 573 23
                                    

အပိုင်း နှစ်

ဘဝရုပ်ရှင်

စိတ်ပြေလက်ပျောက်ဆိုပြီး လျှောက်လိုက်တဲ့ လမ်းဆိုပေမဲ့ ဘယ်တော့မှ စိတ်သက်သာရာ မရခဲ့ဘူး။ အဆုံးသတ်သည့်တိုင် ပုရိတ်သတ် စိတ်ဝင်စားမှုမရခဲ့တဲ့ ရုပ်ရှင်။

ဘဝဟာ ထင်သလိုဖြစ်မလာတဲ့နောက် မျှော်လင့်ချက်တွေ သေဆုံးသွားတာကို ကြည့်နေရတာပဲ ပျော်စရာကောင်းပါတော့တယ်။ ကိုယ့်ကိုယ်ကို စစ်မှန်ပါစေဆိုတဲ့ စကားမှာ တခြားသူအပေါ်ဆိုတာမပါခဲ့ဘူး။

..................

အချိန်က ညနေလေးနာရီနီးပါးရှိပြီဖြစ်သော်လည်း မန္တလေးမြို့ရဲ့ အပူချိန်ကတော့ နည်းနည်းမှကျမသွားသေးဘဲ နေ့ခင်းကတည်းက ပူလိုက်တဲ့အပူ အခုထိ ပူလို့ကောင်းတုန်းရှိသေး၏။ ညပိုင်းတစ်ဖြတ်ပဲ အေးတဲ့ဆောင်းဟာ စိတ်မချရတော့ဘူး။ သူ ဆေးရုံဆီ ဖုန်းဆက်တော့လည်း ဖုန်းကမဝင်။

ဘုန်ရောင်နေလင်း အခန်းလေအေးပေးစက်ကို အမြင့်ဆုံးထိတိုးထားပြီးသား ဖြစ်ပေမယ့် ထပ်ကာတိုးလိုက်ပြန်သည်။ ဒါကိုပဲ သူလုပ်နေတာ ဆယ်ခါမကတော့။ တစ်ယောက်ယောက်သာမြင်ရင် သူ့ကိုစိတ်စွဲရောဂါ ရနေသလားထင်ရော့မယ်။

ဖုန်းကိုနောက်တစ်ကြိမ်ပြန်ခေါ်ကြည့်တော့ လူကြီးမင်းနှင့်တိုးသည်။ နောက်တစ်ကြိမ်ထပ်ခေါ်ခါနီးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် အဝင်ရောက်လာတော့ ဝမ်းသာမှု့ဖြင့် ဆေးရုံမှထင်ထားပြီး ကိုင်လိုက်သော်လည်း သူမကြားချင်ဆုံးအသံက လေလှိုင်းထဲမှ ထွက်ပေါ်လာခဲ့၏။

"ဟယ်လို ရောင်နေလား"

သူ ဘယ်တော့မှ ရုန်းထွက်လို့မရနိုင်အောင် ကျေးဇူးတရားဆိုသည့် ကြိုးတွေဖြင့် အထပ်ထပ်ချည်နှောင်ထားသော အသံပိုင်ရှင်။ ရှင်းရှင်းပြောရလျှင် ရောင်နေရဲ့မွေးစားမိခင် ဒေါ်မေလင်း။ အသေးစိတ်ထပ်ပြီးပြောရလျှင်တော့ မေမေဆုံးပြီးနောက် ရောင်နေကို မွေးစားလိုက်သော ဖေဖေ့ညီမအငယ်ဆုံး ရောင်နေတို့အဒေါ်ငယ်။

"ဟုတ်ကဲ့ ဒေါ်ငယ် ကျွန်တော် ဘုန်းရောင်နေလင်းပါ။"

ခပ်မာမာဖြေဆိုသံအဆုံး တဖက်က သက်ပြင်းချသံတိုးတိုးကို ကြားရသည်။ တော်စမ်းပါ အပိုတွေ။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now