စိတ္တဇလူ

3.3K 325 39
                                    

အပိုင်း တစ်ဆယ်

စိတ္တဇလူ

နည်းနည်းရူးနေတဲ့ ကျွန်တော်က များများရူးနေတဲ့ သူတို့ကို သနားမိတယ်။ ဒါပေမဲ့ များများရူးနေတဲ့ သူတို့ဟာ ပျော်ရွှင်ရယ်မောနေပြီး နည်းနည်းရူးနေတဲ့ ကျွန်တော်က ငိုနေရတယ်။

.........

အရှေ့စွန်းစွန်းဆီမှ လောကကြီးကို မိုး၍ကြည့်နေသော နေမင်းသည် လူသားတို့၏ အသိအမှတ်ပြုမှုကို မတောင်းသော်လည်း သူ့တာဝန်သူ ကျေပြွန်စွာဖြင့် လောကသားတို့အား အလင်းလုံလောက်စွာ ပေးနေသည်။ တချို့နေ့တွေဆို ပူလိုက်တာဟု ညည်းယူရပေမယ့် ဒီနေ့တော့ မျှမျှတတ အလင်းပေးခြင်းဖြင့် အမှတ်ပိုယူကာနေသည်မှာ နံနက်ပိုင်းပဲ ရှိသေးလို့လည်း ဖြစ်နိုင်သလို ပြီးတော့မှ ပိုပြီးပူလာနိုင်သေး၏။

လက်တွေ့ကျသော နေ့၏သဘောအရ သွားရသည်၊ လာရသည်၊ ရုန်းရသည်၊ ကန်ရသည်။ စိတ်ကူးယဉ်အိပ်မက် မက်နေလို့မရသော နေ့တွင် လူတိုင်း စားဝတ်နေရေးကို ဖြေရှင်းရသည်။ ဆေးရုံကြီးအတွင်း သွားလာလှုပ်ရှားနေသူများ၊ အော်ဟစ်နေသူများ၊ ချောင်တစ်ချောင်တွင် ငြိမ်ကုပ်နေသူများနှင့် နံနက်စာစားရန် ငြင်းဆိုနေသူများ၊ နံနက်စာစားနေကြသူများ ထိုအမျိုးမျိုးသော သူတို့သည်လည်း စိတ်ကျမ်းမာရေးဆေးရုံနံနက်ခင်း၏ ပြယုဒ်သဖွယ်။

တခြားဆေးရုံများနှင့်မတူသည်မှာ စိတ်ကျမ်းမာရေးဆေးရုံသည် အလှူရှင်များအပေါ် မှီခိုရပ်တည်နေရခြင်းပင်။ မတတ်သာသည့် အကြောင်းအမျိုးမျိုးကြောင့် ဒီကိုရောက်လာသော လူနာများဖြစ်၍ ထိုသူတို့သည် ပတ်ဝန်းကျင်ကပေးမည့်အကူအညီကို လိုအပ်သည်။ ဖေးမနားလည်မှု၊ စိတ်ရှည်သည်းခံမှုကို လိုအပ်သည်။

ဘုန်းရောင်နေလင်း ဆေးရုံအုပ်ရုံခန်းရှိရာဆီ မမြန်လွန်း မနှေးလွန်းသော ခြေလှမ်းတွေဖြင့် လျှောက်လာသည်။ သူ့ကိုကြည့်နေကြသော သူကပြန်လည်ကြည့်မိသော ပတ်ဝန်းကျင်ကို ကျော်လွန်ကာ အခန်းရှေ့ရောက်တော့ အသိပေးထားသည့်အတိုင်း တံခါးကိုခေါက်လိုက်၏။ အတွင်းမှ သူနာပြုဆရာမလေးက တံခါးလာဖွင့်ပေးပြီး ခဏမျှအံ့သြသလို မျက်လုံးများနှင့် ကြည့်ပြီးနောက် အပြုံးချိုချိုပေးကာ ဘုန်းရောင်နေလင်းအား အတွင်းသို့ဝင်ခိုင်း၏။ အခန်းတွင်းရှိ ဆေးရုံအုပ်ဖြစ်သည့် ကျက်သရေရှိသော အမျိုးသမီးသည်လည်း ရောင်နေ့အား မတ်တပ်ရပ်ပြီးကြိုဆိုသည်။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now