"ကိုယ်နဲ့ ကမ္ဘာမကြေရန်ဖက်ရဲ့ မျက်နှာနဲ့ Phone Wallpaper ထားတာ တကယ်ပဲ အကျိုးအကြောင်းသင့်ရဲ့လား?"
-DAY FOUR【ဓာတ်ပုံတစ်ပုံစီရိုက်ကူးပြီး တယောက်ပုံကို တယောက် ဖုန်း wallpaper အဖြစ်ထားခြင်း】
______________________________
______________________________အတွဲတွေ တယောက်ပုံတယောက် ဖုန်း wallpaper ထားကြတဲ့ အဖြစ်ကို ဝမ်ကွမ်းနင် သိပ်နားမလည်...
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလုံးမှာ ကောင်မလေးတစ်ချို့ သူတို့ပုံကို သူ့ဖုန်းထဲ wallpaper ထည့်ထားချင်ကြတယ်။
သို့ပေမဲ့ သူတို့အားလုံး ငြင်းပယ်ခံလိုက်ရတယ် - သူ့ရဲ့ မူပိုင် Background က SpongeBob Squarepants!
တခြားလူတွေပုံကို သူ့ဖုန်း wallpaper အဖြစ်မထားချင်တဲ့အကြောင်းအရင်းက ရှင်းတယ်၊ သူ့ထက် ရုပ်ဆိုးနေကြလို့ ....။
ကျန်းလင်းရီရဲ့ နားလည်ရခက်တဲ့ မျက်နှာနဲ့ သူ့ဖုန်း wallpaper ထားရမယ် ဆိုလာတဲ့အခါကျတော့ သူမပြောချင်ပေမဲ့ ကျန်းလင်းရီ မျက်နှာက ပျင်းစရာကောင်းတယ်၊ ပြီးတော့ အူကြောင်ကြားပုံနဲ့။
ဝမ်ကွမ်းနင်နဲ့ ကျန်းလင်းရီတို့ တနေကုန် အတန်းတက်ကြတယ်။ ကံကောင်းတာက ဓာတ်ပုံရိုက်ယူတယ်ဆိုတာ အချိန်သိပ်မလိုဘူး၊ အဲ့တာကြောင့် နှစ်ယောက်သား လက်တွေ့ဓာတ်ခွဲခန်းအဆောက်အဦး ရဲ့ အောက်အထပ်တစ်ခုမှာ တွေ့ကြတယ်။
"လာ .. အကို Gong ရဲ့ အတုမရှိတဲ့ style နဲ့ ခန့်ငြားတဲ့ ပုံ ရိုက်ပြီး မင်းကို ပေးမယ်"
ဝမ်ကွမ်းနင် ဖုန်းကို လုလိုက်ပြီး lock ဖွင့်လိုက်တယ်။ ကျန်းလင်းရီ တွေ့လိုက်ရတာက ဝါထိန်ပြီး ပန်းခရမ်းရောင်တွေနဲ့ SpongeBob SquarePants!
YOU ARE READING
Agreement of Being Gay for 30 Days - Myanmar Translation (HIATUS)
Teen FictionThis story is the Myanmar Translation of Kiai's work, Agreement of Being Gay for 30 Days! Thank you for reading! Enjoy!