"ရုပ်ရှင်ကြည့်တဲ့အခါ ကြားထဲမှာ စည်းတွေ ခြားထားပေမဲ့ ဒါဟာ ပျက်ပြယ်သွားဖို့အတွက်ပဲ မဟုတ်လား?"
–DAY FIVE【 WATCHING A MOVIE TOGETHER】
______________________________
______________________________ရုပ်ရှင်လက်မှတ်ကိုင်ထားနေရင် ကျန်းလင်းရီကို စိုက်ကြည့်နေတဲ့ ဝမ်ကွမ်းနင် က ~
"မင်းဒါကို ကြည့်ချင်တာ တကယ် သေချာရဲ့လား?"
တကယ်တော့ အဲ့ရုပ်ရှင်က ဒီနှစ်ရဲ့ ကြောက်စရာအကောင်းဆုံး ရုံတင်ကားထဲက တစ်ကားပဲ။
ကြောက်စရာ သရဲကားကြောင့် သူသွက်ချာပါဒ ဖြစ်နေတာ မဟုတ်ဘူး၊ တကယ်တော့ ဝမ်ကွမ်းနင် ဒါကို သုံးခါ ကြည့်ပြီးသားမို့ပဲ။
ကျန်းလင်းရီ စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်လိုက်တယ်။
"Shou shou, ကိုယ် သေချာ လေ့လာကြည့်ပြီးပြီ၊ သရဲကားတွေက 'couples တွေ ပရောပရည်လုပ်ဖို့အတွက် အနည်းငယ်သော ကူညီပေးသူ' တဲ့၊ ပြီးတော့ ကာမအားတိုးဆေးပြားလေးတွေ လို့လည်း ခေါ်တယ်"
"ကာမအားတိုးဆေးပြား?"
ဝမ်ကွမ်းနင် စကားတောင် မပြောချင်တော့ဘူး၊ တယောက်ယောက် ဒီ နှစ်ရက် သုံးရက်အတွင်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အတိအကျ ပြောပေးနိုင်မယ့်လူရှိလား? သရဲကားတွေက ဘာလို့ ကာမအားတိုးဆေးပြား ဖြစ်သွားရတာလဲ?
ကျန်းလင်းရီ လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ရင်း
"မှန်တယ်၊ ကိုယ့်ကောင်မလေးကို သရဲကားသွားကြည့်ဖို့ ခေါ်ထုတ်သွားတဲ့ ကောင်လေးတိုင်းမှာ ရည်ရွယ်ချက် တခုပဲရှိတယ် အဲ့တာက - ကောင်မလေး ကြောက်လန့်လို့ တုန်ယင်လာတဲ့အခါ ရင်ခွင်ထဲ ထည့်ပြီး အခွင့်အရေး ယူဖို့ပဲ"
"ဒါဆို ကောင်မလေးက သရဲကား ကြည့်ဖို့ အရင်ခေါ်မယ် ဆိုရင်ရော"
ကျန်းလင်းရီ သူ့ကို တချက်ကြည့်လိုက်ပြီး
"ဒီလိုမျိုးမှာတော့ တကယ့် ရည်ရွယ်ချက်က ကြောက်လန့်ချင် ယောင်ဆောင်ပြီး ကောင်လေး ရင်ခွင်ထဲ ပြေးဝင်ဖို့ပဲ၊ ဒါနဲ့ မင်းဘာလို့ ဒီမေးခွန်း မေးတာလဲ? ကောင်မလေး တယောက်ယောက်များ သရဲကား အတူကြည့်ဖို့ ခေါ်လို့လား?"
YOU ARE READING
Agreement of Being Gay for 30 Days - Myanmar Translation (HIATUS)
Teen FictionThis story is the Myanmar Translation of Kiai's work, Agreement of Being Gay for 30 Days! Thank you for reading! Enjoy!