______________________________
______________________________Shou shou, ဒီက သခင်လေး မင်းနဲ့အတူ စာကြည့်တိုက် café မှာ self-study လုပ်ဖို့ ဖိတ်ခေါ်တယ်
ငြင်းဆိုတယ်
ငြင်းဆိုချက် အကျုံးမဝင်၊ မနက်ဖြန် နေ့ခင်း ၃ နာရီ ဒီသခင်လေး ပထမဆုံးအချစ်တွေပြည့်နှက်နေတဲ့ အချိုရည်တမျိုး မှာထားမယ်၊ လာပြီး ကိုယ်နဲ့ လာသောက်လှည့်
Blue Sky မှာထားပေး၊ ကျေးဇူး
အာ ... ငါတို့ shou shou က blueberry flavoured drinks တွေ ကြိုက်တာပဲ၊ မင်းစောစောတည်းက ပြောသင့်တယ်
သွားစမ်းပါ
နောက်ဆုံး စာပြန်ပြီးနောက် ဝမ်ကွမ်းနင် ဖုန်းပိတ်လိုက်ပြီး အိပ်ယာဝင်လိုက်တယ်။
တဖက်မှာတော့ ဝမ်ကွမ်းနင် ပြန်ပို့လာတဲ့စာကို ဖတ်ပြီး ကျန်းလင်းရီ တော်တော်လေး ပျော်သွားမိတယ်။ အရင်တုန်းက သူဘာလို့ ဝမ်ကွမ်းနင်ကို မာနကြီးပြီး စိတ်အနှောင့်အယှက် ပေးတဲ့လူလို့ ထင်ခဲ့ရတာလဲမသိဘူး။ ခုကျတော့ သူက တကယ် ရီရတဲ့လူပဲ။
မျက်နှာမှာ အပြုံးလေးတွေ ဖြာနေတုန်း လျိုချီယိ ဆီက စာတစောင် ကျန်းလင်းရီ ဆီ ဝင်လာတယ်။
လင်းရီ .. မနက်ဖြန် စာကြည့်တိုက် အတူသွားချင်လား?
ကျန်းလင်းရီ : အင်း ..
မနက်စောစောရောက်တော့ ကျန်းလင်းရီ အိပ်ချင်မူးတူး မျက်လုံးနဲ့ အောက်ထပ်ဆင်းလာတယ်။ အောက်ထပ်မှာတော့ လျိုချီယိ မနက်စာဝယ်ပြီး သူ့ကို စောင့်နေတယ်။
မနက်စာကို လှမ်းယူလိုက်ကာ ကျန်းလင်းရီ သမ်းဝေရင်း ပျင်းကြောဆန့်နေလိုက်သည်။
"ဝါးး .. ငါတို့ ဘာလို့ စောစောသွားရတာလဲ? ဒီသခင်လေး ညောင်းနေတယ် ဆိုမှ"
လျိုချီယိ ပြုံးလိုက်ပြီး ~
"မစောတော့ပါဘူးဟ၊ ငါတို့ နည်းနည်းနောက်ကျတာနဲ့ ထိုင်စရာ နေရာမကျန်ဘဲ နေလိမ့်မယ်"
YOU ARE READING
Agreement of Being Gay for 30 Days - Myanmar Translation (HIATUS)
Teen FictionThis story is the Myanmar Translation of Kiai's work, Agreement of Being Gay for 30 Days! Thank you for reading! Enjoy!