လီစီးဟို အနားကပ်လာတာနဲ့ ဝမ်ကွမ်းနင် နိုးလာတယ်။
လီစီးဟို ဒီနားမှာ ပေါ်လာမယ်လို့ သူမထင်မိလို့ နည်းနည်းတော့ ရှက်သွားမိတယ်။ အိပ်နေရာကနေ ထပြီး ထစ်အနေသလို နှုတ်ဆက်လိုက်တယ်။
"Hi"
လီစီးဟို သူ့ရှေ့မှာ ငုတ်တုတ်ထိုင်ချလိုက်ပြီး သဘာဝမကျတဲ့ မျက်နှာနဲ့ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေတယ်။
"ငါ တောင်းပန်ပါတယ်"
ဝမ်ကွမ်းနင် မြန်မြန်လေး လက်ခါပြရင်း ပြန်ပြောလိုက်တယ်။
" ရတယ် .... ရတယ် .... မင်း ငါ့ကို တောင်းပန်စရာ မလိုပါဘူး"
အမျိုးသားတိုင်း တစ်ကိုယ်ရေအာသာဖြေချင်တဲ့ ဆန္ဒတော့ ရှိကြတာပဲ၊ ဒါ ကိစ္စအကြီးကျယ်တော့ မဟုတ်ပါဘူး။
တစ်ခုပဲ ... ရှေ့လျှောက် အဲ့လိုလုပ်ရင် ငါ့ပုံကို အသုံးမပြုဖို့ပဲ လိုတယ်!!!
ဝမ်ကွမ်းနင် ဇောချွေးတွေတောင် ပြန်လာတယ်။
ဝမ်ကွမ်းနင်ရဲ့ ရွံရှာတဲ့ သို့ တရားနည်းလမ်းမကျတဲ့ အပြုအမူကို မတွေ့ရသလို ရှက်နေတဲ့ မျက်နှာကြောင့် လီစီးဟို စိတ်ထဲ သက်ပြင်းချမိသွားတယ်။ နောက်ထပ် ကြာရှည်တဲ့ တိတ်ဆိတ်မှုတစ်ခု နေရာယူလာတယ်။ လီစီးဟို အတန်ကြာမှ အားယူပြီး ပြောလိုက်တယ်။
"မင်း မနေ့ညက တွေ့ပြီးပြီပဲ၊ အဲ့တာကြောင့် ငါလည်း ဖုံးကွယ်နေစရာ မလိုတော့ဘူး၊ အမှန်က ငါဟာ Gay တစ်ယောက်ပဲ"
သူကြိုက်နေတဲ့ လူကို သူ့ရဲ့ ရင်ထဲက အကြီးမားဆုံး လျှို့ဝှက်ချက် ပြောပြလိုက်ရလို့ လီစီးဟို စိတ်ထဲ ပျော်မိသွားတယ်။ ဒါပေမဲ့လည်း သူကိုယ်တိုင် မဖော်ပြနိုင်တဲ့ တင်းမာမှုတစ်ခုကို လောလောဆယ် ခံစားနေရတယ်။
ဝမ်ကွမ်းနင် ဘယ်လို တုံ့ပြန်မယ် ဆိုတာ သူမသိဘူး၊ ဒါပေမဲ့ အနည်းဆုံး သူ့ကို မမုန်းဘူး၊ ပြီးတော့ သူငယ်ချင်းလိုပဲ ဆက်ဖြစ်နေဦးမယ် ဆိုရင်တော့ လီစီးဟို တကယ်ကို ကျေနပ်မိမှာ။
YOU ARE READING
Agreement of Being Gay for 30 Days - Myanmar Translation (HIATUS)
Teen FictionThis story is the Myanmar Translation of Kiai's work, Agreement of Being Gay for 30 Days! Thank you for reading! Enjoy!