---ကျန်းလင်းရီ ပြုံးရွှင်သွားပြီး hair dryer ကို မီးပလပ်ပေါက်ထဲ ထိုးထည့်လိုက်တယ်။ Hair saloon က အကိုကြီးတွေ လုပ်တာကို သေချာမှတ်ပြီး သူ ဝမ်ကွမ်းနင် ဆံပင်တွေကို လေမှုတ်စက်နဲ့ သေချာ ခြောက်အောင် လုပ်ပေးလိုက်တယ်။
ဝမ်ကွမ်းနင် ဆံပင် မတိရသေးတာမို့ သိပ်လည်း မနူးညံ့၊ သိပ်လည်း ကြမ်းထော်မနေပဲ အနည်းငယ်ရှည်နေတယ်။ ကျန်းလင်းရီ တမင်တကာ ဆံပင်တွေ ကလိချင်နေပေမဲ့ ယောက်ျားတစ်ယောက်ရဲ့ ဆံပင်က ဘာများ ဆက်လုပ်လို့ ရလို့လဲ?
ပြီးတော့ ဝမ်ကွမ်းနင် ဆံပင်က လိုတိုရှင်း တိ ထားတာမို့ သူ လေမှုတ်ပေးတာ သိပ်အထွေအထူး စိတ်ရှည်နေစရာမလိုဘူး၊ အဲ့တာကြောင့် သူခပ်တည်တည်နဲ့ အကြာကြီး အချိန်ဆွဲနေတာ ပြီးပဲ မပြီးတော့မလိုနဲ့ပဲ .....
ဖြစ်ချင်တော့ ဝမ်ကွမ်းနင်က သိသိသာသာကို စိတ်ရှည် မနေဘူး .....
"ကျန်းလင်းရီ .... မင်းနည်းလမ်းကို ဒီထက်ဆိုးအောင် လုပ်ရဲတယ်လား? ငါ့မျက်လုံးကို ထပ်မမှုတ်နဲ့တော့ ......"
"ကျန်းလင်းရီ.. .... မင်း ဒီအခွင့်ကောင်းယူပြီး ငါ့ဆံပင် မီးလောင်တိုက်သွင်းချင်နေတာလား....?!!"
ကံကောင်းစွာနဲ့ပဲ ဆံပင်က မြန်မြန်နဲ့ ခြောက်သွားတယ်။
သူ့ဆံပင်ခြောက်တာနဲ့ ဝမ်ကွမ်းနင် ချက်ချင်း ကျန်းလင်းရီ လက်ထဲက hair dryer ကို လုယူလိုက်တယ်။
"ရပြီ .... ရပြီ .... မင်း သွားပြီး ရေမြန်မြန် ချိုးသင့်ပြီ"
ကျန်းလင်းရီ စိတ်ဝင်တစားနဲ့ လုပ်နေတာမို့ လက်မလွတ်ချင်သလိုနဲ့ နှုတ်ခမ်းထော်နေတယ်။
"Shou shou, ကိုယ့်ကို ခဏစောင့်၊ ကိုယ် ခေါင်းလျှော်ပြီးတာနဲ့ မင်းအဖို့ ဆံပင်မှုတ်ခိုင်းမယ်"
ကျန်းလင်းရီ သူကိုယ်တိုင် ပြောခဲ့သလိုပဲ ရေချိုးခန်းထဲက ပြေးထွက်လာပြီး ဆံပင်ရေစိုဖြင့် စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ ~
YOU ARE READING
Agreement of Being Gay for 30 Days - Myanmar Translation (HIATUS)
Teen FictionThis story is the Myanmar Translation of Kiai's work, Agreement of Being Gay for 30 Days! Thank you for reading! Enjoy!