ABG30D:011

5.7K 622 82
                                    


DAY EIGHT【 စာကြည့်​တိုက်​ထဲမှာ စာအတူဖတ်​ကြမယ်​၊ ​ညောင်းလာတဲ့အခါ တ​ယောက်​ကို တ​ယောက်​ ညင်​ညင်​​သာသာ ​ငေးစိုက်​ကြည့်​​ကြမယ်​ 】

______________________________
______________________________

ကျန်းလင်းရီ အ​ဆောင်​တံခါးမှာ​တော့ မနက်​ခင်းမှာ မိုးကြိုး​တွေ အဆက်​မပြတ်​ပစ်​ချခံရသလို မြည်​​နေတယ်​။ သူ့အခန်းထဲက တခြားလူ​တွေက အပြင်​ထွက်​သွားကြပြီး သူပဲ အခန်းထဲမှာ ကုတင်​​ပေါ် ပိုးလိုးပက်​လက်​ အိပ်​​နေခဲ့တယ်​။

"လာပြီ......"

ငှက်​သိုက်​လို ရှုပ်​​ထွေး​နေတဲ့ ဆံပင်​နဲ့ ကျန်း xiao cao ဟာ တံခါးကို မှုန်​ကုပ်​ကုပ်​ မျက်​လုံး​တွေအပြည့် မျက်​နှာထားနဲ့ ဖွင့်​လိုက်​တယ်​။ အပြင်​မှာ ရပ်​​နေတဲ့ ဝမ်​ကွမ်းနင်​ - စာအုပ်​​တွေ တ​ပွေ့ကြီး ပိုက်​ပြီး သူ့ကို ​ရပ်​​စောင့်​​နေတယ်​။

"ငါ့ကို ခဏ​စောင့်​"

ကျန်းလင်းရီ စိတ်​​တွေ ချက်​ချင်းကို လန်းဆန်းသွားပြီး အခန်းထဲ ပြန်​​ပြေးဝင်​ကာ သွားအမြန်​တိုက်​၊ အဝတ်​အစား​တွေ ချွတ်​လိုက်​တယ်​။ အပြင်​ထွက်​ဖို့ ပြင်​ဆင်​တာ ၁၀ မိနစ်​ထက်​ မပို၊ ​တောက်​ပတဲ့ ကိုယ်​​ယောင်​နဲ့ စာအုပ်​​တွေ ပိုက်​ပြီး ထွက်​လာတယ်​။ သူ့မျက်​နှာက ​နေဖက်​ မျက်​နှာမူထားလို့ မှုန်​ကုပ်​ကုပ်​ဖြစ်​​နေတဲ့ ပုံ​ပေါက်​​နေတယ်​။

"​ရှောင်​​ရှောင်​ သွားရ​အောင်​"

ဝမ်​ကွမ်းနင်​ စိတ်​ထဲမှာပဲ သက်​ပြင်းချမိတယ်​။ အင်း ဒါ​ကြောင့်​မို့ track and field အသင်းမှာ အဓိက အသင်းဝင်​ဖြစ်​​နေတာကိုး ... သူ့လျင်​မြန်​မှုက အ​တော်​​လေးကို သြချရတယ်​။

ကျန်းလင်းရီ အိပ်​ယာထဲ အချိန်​ဆွဲ​နေ​ပေမဲ့ အချိန်​တိကျတဲ့ ဝမ်​ကွမ်းနင်​​ကြောင့်​ စာကြည့်​တိုက်​အချိန်​မီ​ရောက်​ပြီး မျက်​နှာချင်းဆိုင်​ ထိုင်​ခုံနှစ်​​နေရာစာ ရလိုက်​တယ်​။

ဟုတ်​တယ်​ ... သူတို့က မျက်​နှာချင်းဆိုင်​ ဖြစ်​​နေကြတာ

ကျန်းလင်းရီ စိတ်​ထဲ​တွေး​နေမိတာက ...

လွန်​စွာ​ချော​မောခန့်​ငြားတဲ့ ​ယောက်ျားသားနှစ်​​ယောက်​ ပြတင်း​ပေါက်​​ဘေးမှ မျက်​နှာချင်းဆိုင်​ထိုင်​ပြီး စိတ်​ဝင်​တစား စာဖတ်​​နေကြတယ်​။ တကိုယ်​လုံး ​နေ​ရောင်​​တွေ လွှမ်းခြုံထားပြီး တကယ့်​ကို နှစ်​လိုဖွယ်​​ကောင်းတဲ့ မြင်​ကွင်းတစ်​ခု

Agreement of Being Gay for 30 Days - Myanmar Translation (HIATUS)Where stories live. Discover now