မောင်​~ (၄)

1.8K 187 29
                                    

ေ​မာင့်​ကိုချစ်​တယ်​လို့..ဆိုတဲ့အခါတိုင်း ပြုံး​လေ့ရှိတဲ့ မဲ့ပြုံး​အောက်​မှာ ပြိုပျက်​သွားတဲ့ ကျွန်​​တော့်​ကမ္ဘာ​လေးဟာ ...​မောင့်​အမုန်း​တွေနဲ့ တခမ်းတနား တည်​ရှိ​​နေတယ်​ဆိုတာ ​မောင်​သိပါလျှင်​~

စီးကရက်​တစ်​လိပ်​က အထီးကျန်​မှုကို ​ဖြေ​ဖျောက်​နိုင်​​စေ​ကောင်းရဲ့...။

ရှူထွက်​လိုက်​တဲ့ အ​ငွေ့ဖြူဖြူ​တွေဟာ ​လေထဲမှာ ဝဲပျံ့​နေတယ်​...။ သူ့စိတ်​​တွေလဲ အခု ​ဦးတည်​ရာ​ပျောက်​​နေသလို...။

သက်​ပြင်းကိုချလိုက်​ရင်း ကုန်​ခါနီး ​ဆေးလိပ်​ကိုထိုး​ချေပြီး မီးသတ်​လိုက်​တယ်​..။

Number​တွေကိုနှိပ်​လိုက်​ရင်း တစ်​စုံတစ်​​ယောက်​စီ ဖုန်း​ခေါ်​နေမိတယ်​။

"အ​ခြေအ​နေဘယ်​လိုလဲ.."

"......."

"အရင်​အတိုင်းပဲလား "

"........"

"​အင်း သိပြီ တာဝန်​​ကျေတယ်​ "

ဖုန်းကိုစားပွဲ​ပေါ်ပစ်​တင်​လိုက်​ရင်း ​စီးကရက်​ဘူးကိုဆွဲယူကာ ​နောက်​တစ်​လိပ်​ထုတ်​ပြီး ​သောက်​လိုက်​တယ်​..။

ပြတင်း​ပေါက်​နား ရပ်​ရင်း ​ ညက အထီးကျန်​စရာ​ကောင်းလိုက်​တာ လို့ ခပ်​တိုးတိုး​ရေရွတ်​မိတယ်​..။

______________________

ပြသနာတို့ရဲ့အစ...

အိမ်​​ရှေ့မှာ ​မောင့်​ကားကို​တွေ့တာမို့ ​​ပျော်​သွားပြီး အိမ်​ထဲကို မြန်​မြန်​ဝင်​လာလိုက်​တယ်​..။

သူတို့နှစ်​​ယောက်​ရဲ့ အိပ်​ခန်းထဲကိုဝင်​လိုက်​​တော့ ​ရေချိုးပြီး အဝတ်​လဲပြီးခါစ မိန်းမတစ်​​ယောက်​က ​ခေါင်းသုတ်​​နေတယ်​...။

"Nara..ကိုယ့်​အတွက်​အကျီထုတ်​ထား​ပေးဦး​နော်​ "

"ဟုတ်​ကဲ့ ကိုကို"

"​တောက်​!!"

တောက်​​ခေါက်​သံအဆုံးမှာ မျက်​နှာတစ်​ခုလုံးနီရဲ​နေပြီး ​​လည်ပင်း​​သွေး​ကြော​တွေ​ပါမြင်​​​နေရ​အောင်​ တင်း​မာ​နေတဲ့ Kim Jongdae...။

မောင်​~ [မောင်~]Where stories live. Discover now