မောင်​~ (၇)

1.7K 198 23
                                    

ရုံးမှာအလုပ်​လုပ်​​နေတုန်း အခန်းထဲ ​ဝင်​လာတဲ့ ​ခြေသံပြင်းပြင်း​...

"Sophia ssi ဘာကိစ္စ..."

ယဉ်​​ကျေးမှုအရ နှုတ်​ဆက်​လိုက်​​ပေမယ့်​ ရလိုက်​တာက...

ဖြန်း!!!

"Jongdaeက ဘယ်​​လောက်​ချစ်​သလဲ သိရက်​သားနဲ့... လူယုတ်​မာ!!...နင့်​ကို လုံးဝခွင့်​မလွှတ်​ဘူး.!!..နင့်​လုပ်​ရပ်​​တွေအတွက်​ နင်​ တစ်​​နေ့ ​နောင်​တရ​​စေရမယ်​!! ​တောက်​!!"

ဖြစ်​နိုင်​ရင်​ ဒီ့ထက်​ပိုပြီး နစ်နစ်​နာနာ​ပြောပစ်​လိုက်​ချင်​​ပေမယ့်​..​ဒေါသအရှိန်​​ကြောင့်​ ​ပြောရမယ့်​စကား​တွေက ​တော်​ရုံနဲ့ထွက်​မလာခဲ့....။

Jongdae ​အဖမ်းခံလိုက်​ရပြီး ရဲစခန်းမှာတိုင်​တန်းပြီး အပ်​နှံခဲ့တဲ့သူက Kim Minseokမှန်းသိသိလိုက်​ချင်း...လုံးဝမယုံနိုင်​...။

သူ​တောင်​ဒီလိုဖြစ်​​နေတာ ... Jongdaeဆို...ရင်​ထဲမှာ...ဘယ်​​လောက်​​တောင်​ ကမ္ဘာပျက်​​နေလိုက်​မလဲ...အ​တွေးနဲ့တင်​...​ဒေါသ​တွေထွက်​လာတာ လုံးဝထိန်းမရ...။

ရုံးကထွက်​လာပြီး...Jongdaeရှိရာ​နေရာကို အမြန်​​မောင်းထွက်​လိုက်​တယ်​...။

"Jongdae!! နင်​...နင်​ အ​ဆင်​​ပြေရဲ့လား..."

Jongdaeကိုကြည့်​ရတာ အခုအ​ခြေအ​နေကို လက်​မခံနိုင်​​သေးတဲ့ပုံစံ..။

ပတ်​ဝန်းကျင်​ကို မျက်​လုံး​တွေကလှည့်​ပတ်​ကြည့်​​နေပြီး...ဘာမှမ​​ပြော​သေး....

"ငါ..ဘယ်​​ရောက်​​နေတာလဲ...​"

"ဟင်​.."

"​မောင်​​ပြော​တော့..​အေး​ဆေးစကား​ပြောဖို့တစ်​​နေရာသွားမယ်​ဆိုပြီး...ငါ့ကို..တစ်​​ယောက်​တည်း ထားသွားတယ်​...."

"Jongdae ahh..."

သူ ဘာမှမ​ပြောထွက်​​တော့ဘူး...ငိုသံကြီးနဲ့ပဲ ​ရေရွတ်​နိုင်​​တော့တယ်​....

"ငါ့ကို ဒီ​နေရာက ​ခေါ်ထုတ်​​သွား​ပေးပါ...ငါ...​မောင့်​ကိုသွား​တွေ့ရမယ်​...ငါ့ကို ဒီ​နေရာမှာ ဘာလို့တစ်​​ယောက်​တည်းထားခဲ့တာလဲလို့...​မေးရမယ်​...."

မောင်​~ [မောင်~]Where stories live. Discover now