"ကွာရှင်းကြရအောင်"
မောင့်ရဲ့စကားအဆုံး ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံးပျက်သုဉ်းသွားသလို..
ခန္ဓာကိုယ်တစ်ခုလုံးက သွေးကြောတွေ ပြောင်းပြန်စီးဆင်းသွားသလိုပဲ..."ဘာ..ဘာလို့လဲ မောင် "
ကျွန်တော်စကားသံတို့ကို မတုန်အောင် သတိထားပေမယ့် လက်ရှိစိတ်အခြေအနေက နေရာမှာတင် ပစ်လဲကျသွားမတတ်။
"ငါ့မှာ ချစ်ရမယ့်သူ ရှိနေပြီ ငါမင်းနဲ့ဆက်မနေနိုင်တော့ဘူး ကွာရှင်းပေးပါ"
မောင့်နှုတ်ခမ်းဖျားက ထွက်လာတဲ့ စကားတွေဟာ ကျွန်တော့်ရင်ကို ဓားနဲ့ အခါခါ ထိုးစိုက်နေသလိုပဲ။
မယုံကြည်နိုင်ခြင်းတွေများစွာနဲ့ ကျွန်တော့်ဦးနှောက်ဟာ ဗလာကျင်းနေခဲ့တယ်။"မောင် ဘာလို့လဲ ကျွန်တော့်မှာ ဘာလိုအပ်ချက်ရှိနေလို့လဲ မောင်ရဲ့ မောင့်အပေါ် ကျွန်တော့်လောက်ချစ်နိုင်မယ့်သူ တစ်ယောက်မှမရှိဘူးမောင် "
"အေး ဟုတ်တယ် မရှိဘူး"
ဒါကိုတောင် မောင်က ကျွန်တော့်ကိုစွန့်ပစ်တော့မလို့လား
"မင်းလိုမျိုး အတ္တတွေမွန်းပြီး လူတစ်ယောက်ရဲ့ဘဝကို ချုပ်နှောင်ထားတဲ့သူမျိုးမရှိဘူး"
ဘာရယ်! မောင် ဘာတွေပြောနေခဲ့တာလဲ ! မောင့်ကိုချစ်တဲ့စိတ်တစ်ခုထဲနဲ့ ကျွန်တော် အရာရာစွန့်လွှတ်ခဲ့တာလေ မောင်ရယ် အတ္တတွေတဲ့လား ချစ်လွန်းလို့ပါ မောင်ရဲ့
"ငါမင်းကိုသိပ်စိတ်ကုန်နေပြီ ငါ့ကိုလွတ်မြောက်ခွင့်ပေးပါတော့ "
လွတ်မြောက်ခွင့်! ဟင့်အင်း မပေးနိုင်ဘူး မောင်က ကျွန်တော့်အတွက်ပဲ ဘယ်သူတစ်ဦးတစ်ယောက်လက်ထဲကိုမှ မောင့်ကိုမပေးနိုင်ဘူး
"မဖြစ်နိုင်ဘူး မောင် ... မောင်က ကျွန်တော့်အတွက်ပဲ ဘယ်သူ့လက်ထဲမှမထည့်နိုင်ဘူး"
ESTÁS LEYENDO
မောင်~ [မောင်~]
Fanficကျွန်တော့်ချစ်ခြင်းတွေကိုမြင်အောင်ကြည့်ပါ.. မောင်တစစီနင်းခြေသွားတဲ့ နှင်းဆီပွင့်ဖတ်တွေဟာ ကျွန်တော့်နှလုံးသားပဲ.. မုန်းစမ်းပါလေမောင်.. မုန်းစမ်းပါလေ... ကျွန်တော့်နှလုံးသွေးတွေနဲ့ဖြစ်တည်လာတဲ့ အချစ်တွေ မောင်န...