သည်းခံခြင်းတွေ Limitကျော်သွားတဲ့အခါ...ဘာတွေဖြစ်လာမလဲဆိုတာ ....မောင်သိချင်သလား..
ညနေစာစားနေရင်း ရုတ်တရက် ပျို့အန်တဲ့ ထိုမိန်းမ...။Hak ဘာတွေ ကြံစည်နေပြန်ပြီလဲ မသိဘူး..
စိတ်ပူတကြီးနဲ့မေးနေတဲ့ မောင့်အသံကို သူဧည့်ခန်းထဲကနေ ကြားနေရတယ်..။
လက်သီးကိုသာတင်းတင်းဆုပ်ထားမိတယ်.
.။ "Nara မဖြစ်သေးပါဘူး ကိုယ်တို့ ဆေးရုံသွားကြရအောင်"
မီးဖိုချောင်ထဲဝင်ပြီး ရေခဲသေတ္တာထဲက ရေတစ်ဘူး ထုတ်ယူနေတဲ့အချိန် ကြားလိုက်ရတဲ့မောင့်အသံ...
"မောင်ကလည်း မသိရင် သူက ချက်ချင်းသေတော့မယ့်အတိုင်းပဲ..သိပ်အဖြစ်သည်းနေတယ်နော် မောင်...ဒီတိုင်းအစာမကြေတာပဲနေမှာပါ..."
သူပြောလိုက်တော့ မောင်က မျက်မှောင်ကြုတ်ပြီး ကြည့်လာတယ်..။
"ကျွန်တော်က စေတနာနဲ့ပြောတာပါမောင်ရဲ့..အဟက်.."
ရေဖြည့်ထားတဲ့ခွက်ကို ယူပြီး မောင့်ကိုကျောခိုင်းလာမိတယ်...။
ခနဲ့တဲ့တဲ့စကားတွေနဲ့ မျက်နှာထားကိုပဲ မောင်မြင်တွေ့ခဲ့ရမှာ..။ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတဲ့ လက်သီးကို မောင်မြင်ရင်ရော...လှောင်ပြုံးပြုံးနေဦးမှာလား....
_______________________
ဆေးရုံကပြန်လာတဲ့ မောင်နဲ့ Lee Nara ရဲ့ စကားတွေကို ကြားကြားပြီးချင်း ချောက်ကမ်းပါးထိပ်ကနေ ပြုတ်ကျသွားသလိုပဲ...။
သူ့ကမ္ဘာမှာ အရာအားလုံး ပျက်စီးသွားပြီ!!
ကိုယ်ဝန်! ကိုယ်ဝန်ရှိနေပြီတဲ့ ....
ကျွန်တော့်ကို မောင်က အဆုံးအစွန်ထိရောက်အောင် တွန်းပို့နေခဲ့တာပဲ....
မဖြစ်ရဘူးလေ...မောင်... ဘာလို့လဲ...
ကျွန်တော် မောင့်ကိုဘယ်လောက်ချစ်သလဲဆိုတာ ရင်ခွဲပြရင်တောင် မောင်က အပိုတွေဆိုပြီး မျက်နှာလွှဲချင်လွှဲနေဦးမှာ...
ESTÁS LEYENDO
မောင်~ [မောင်~]
Fanficကျွန်တော့်ချစ်ခြင်းတွေကိုမြင်အောင်ကြည့်ပါ.. မောင်တစစီနင်းခြေသွားတဲ့ နှင်းဆီပွင့်ဖတ်တွေဟာ ကျွန်တော့်နှလုံးသားပဲ.. မုန်းစမ်းပါလေမောင်.. မုန်းစမ်းပါလေ... ကျွန်တော့်နှလုံးသွေးတွေနဲ့ဖြစ်တည်လာတဲ့ အချစ်တွေ မောင်န...