ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အရာတွေထဲမှာ မောင့်အချစ်တွေရော ပါဝင်နေသလားလို့တောင် ကျွန်တော် သံသယဝင်ချင်လာမိရဲ့....
မနက်စောစောစီးစီး စိတ်ပျက်ဖို့ကောင်းလိုက်တာ..။
မနက်စာစားနေတဲ့မောင့်နားမှာထိုင်ပြီး မောင့်ကိုငေးကြည့်နေကျလူက ဒီကကောင်မဟုတ်ပါပဲ တခြားမိန်းမတဲ့လား..။
"ဟို..Jongdae ssi ကျွန်မ မနက်စာပြင်ပေးရမလားဟင်"
သူ့ကိုမြင်တော့ ပြုံးပြပြီး မေးလာတဲ့ မိန်းမကို အံ့သြမိတယ်...။ ဘယ်လိုစိတ်နဲ့များ ဒီလိုမျိုး လုပ်နေရဲတာလဲ..။
"မလိုဘူး..မသတီစရာတွေ!"
စိတ်ပေါက်ပေါက်နဲ့ ပြောပြီး ပျက်ယွင်းသွားတဲ့ ထိုမိန်းမမျက်နှာကို ကြည့်ပြီး ကျောခိုင်းထွက်ခဲ့လိုက်တယ်...။
" Nara ဘာလို့သူ့လိုလူကို အရေးတယူလုပ်ပြီး ဂရုစိုက်နေတာလဲ မလိုဘူး ထားလိုက်"
နောက်ကနေကပ်ပါလာတဲ့ မောင့်စကားသံတွေ...။
ဘာမှမတုံ့ပြန်ချင်တော့ပါဘူး...။မဲ့ပြုံးတစ်ချက်နဲ့သာ ဒဏ်ရာတွေ ဖုံးထားမိတော့တာပဲ..။
____________________________
သူတို့ချစ်သူစဖြစ်တုန်းက မောင်က သူ့ကို သိပ်ချစ်တယ်..။ အရာရာအလိုလိုက်ပြီး ချစ်ပေးခဲ့တာ..။
ဒါပေမယ့် နောက်ပိုင်းတော့ မောင့်ရဲ့ Playboy ဇာတ်လမ်းတွေကို သူကြားလာရတယ်...။ ဘာပဲဖြစ်နေဖြစ်နေ မောင့်ကို ပိုင်ဆိုင်ရအောင်လုပ်ခဲ့တယ်...။
ရလဒ်ကတော့ တဖြည်းဖြည်းနဲ့ မောင့်အမုန်းတွေကို သူရလာတာပဲ..။
မောင် သူ့ကို တကယ် မချစ်ခဲ့ဘူးလား ????
"Sophia ငါတကယ် ပင်ပန်းနေပြီ"
အပန်းဖြေစံအိမ်ကြီးရဲ့ ပြတင်းပေါက်နားမှာရပ်နေကာ ကောင်းကင်ပြာပြာကြီးကိုငေးကြည့်ပြီး ရင်ဖွင့်မိတယ်..။
YOU ARE READING
မောင်~ [မောင်~]
Fanfictionကျွန်တော့်ချစ်ခြင်းတွေကိုမြင်အောင်ကြည့်ပါ.. မောင်တစစီနင်းခြေသွားတဲ့ နှင်းဆီပွင့်ဖတ်တွေဟာ ကျွန်တော့်နှလုံးသားပဲ.. မုန်းစမ်းပါလေမောင်.. မုန်းစမ်းပါလေ... ကျွန်တော့်နှလုံးသွေးတွေနဲ့ဖြစ်တည်လာတဲ့ အချစ်တွေ မောင်န...