နာမ်စားတစ်ခုကို မြတ်မြတ်နိုးနိုးရေရွတ်မိတိုင်း ရင်ဘတ်တစ်နေရာက အက်ကွဲသံကို ကြားရတယ်...ဘယ်ဆေးနဲ့မှ ကုမနိုင်တော့တဲ့ ရောဂါပါပဲ..
မောင် ပျော်မယ်လို့ မျှော်လင့်ပါတယ်..~ဟိုတစ်နေ့က ဖြစ်ပျက်ခဲ့သမျှကို မောင်က ဘာမှ မမှတ်မိတော့တဲ့ပုံပါပဲ...။အရင်အတိုင်း အေးတိအေးစက်ပြန်ဖြစ်နေတယ်..။
ဒါပေမယ့် သူ ဆက်ကြိုးစားဖို့အတွက် အားရှိပါတယ်...အနည်းဆုံးတော့ မောင့်စိတ်ထဲမှာ သူ ဆိုတာ ရှိခဲ့တယ်...ရှိနေသေးတယ်..။
Sophiaဆီက phဝင်လာပေမယ့် လောလောဆယ် မကိုင်ချင်သေးတာမို့ လျစ်လျူရှုနေလိုက်တယ်...။
မောင် companyသွားတော့ အိမ်မှာ သူနဲ့ဟိုမိန်းမရယ် အလုပ်သမားတွေရယ်ပဲကျန်တယ်...။
သူ့အိမ်မှာ ဒီမိန်းမကို ခေါ်တင်ထားရတာ တော်တော်လေး စက်ဆုပ်ဖွယ်ကောင်းလွန်းတယ်...။
ဧည့်ခန်းမှာ TV remoteကို ကောက်ကိုင်ပြီး လိုင်းအမျိုးမျိုးပြောင်းကြည့်နေလိုက်တယ်...။
တစ်နာရီလောက်ကြာတော့ ပျင်းလာတာမို့လို့ ထိုင်နေရာက ထလိုက်ပြီး အညောင်းပြေအောင် ခြံထဲဆင်းလမ်းလျှောက်နေလိုက်တယ်..။
ခြံထဲမှာ ပန်းတွေတောင်ပွင့်နေပြီ..။ ဒီပန်းတွေကို မောင်နဲ့သူ ချစ်သူစဖြစ်တဲ့နေ့က စိုက်ထားခဲ့တာ...။
ကြားထဲမှာ ဂရုမစိုက်မိတာ တော်တော်ကြာသွားတယ်...။အခုလိုမျိုး ကောင်းကောင်းရှင်သန်သေးတာ ကျေးဇူးတင်မိတယ်.
.။"အီဆူ.."
"ဟုတ်ကဲ့ အကိုလေး..."
"ဒီပန်းပင်လေးတွေကို သေချာဂရုစိုက်ပေးထား..မသေစေနဲ့နော်..."
"ဟုတ်ကဲ့..အကိုလေး.."
___
သူအထဲကို ဝင်လာတော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ဟိုမိန်းမ..မသိချင်ယောင်ဆောင်ပြီး ကျော်သွားဖို့ လုပ်တော့ သူ့ကိုလှမ်းခေါ်တယ်...
KAMU SEDANG MEMBACA
မောင်~ [မောင်~]
Fiksi Penggemarကျွန်တော့်ချစ်ခြင်းတွေကိုမြင်အောင်ကြည့်ပါ.. မောင်တစစီနင်းခြေသွားတဲ့ နှင်းဆီပွင့်ဖတ်တွေဟာ ကျွန်တော့်နှလုံးသားပဲ.. မုန်းစမ်းပါလေမောင်.. မုန်းစမ်းပါလေ... ကျွန်တော့်နှလုံးသွေးတွေနဲ့ဖြစ်တည်လာတဲ့ အချစ်တွေ မောင်န...