ဒဏ်ရာတွေကနက်သထက်နက်လာလို့များလားမသိ.. နာကျင်လိုက်တာလို့တောင်မရေရွတ်ဖြစ်တော့ဘူး...
ထမင်းစားခန်းထဲဝင်လာတော့ ဟိုမိန်းမနဲ့ ပက်ပင်းတိုးတာပဲ..မမြင်ချင်ယောင်ဆောင် ဖြတ်လျှောက်သွားတော့ အနောက်ကနေ မျက်နှာငယ်နဲ့ လိုက်ကြည့်နေတယ်...။
ကျစ်..စိတ်ပျက်စရာကောင်းလိုက်တာ..မာယာများတဲ့မိန်းမ..
"Nara ကိုယ့်ဆီလာဦး..ဒီမှာ Necktileချည်ရတာ အဆင်မပြေလို့"
ထွက်ခွာသွားတဲ့မိန်းမကျောပြင်ကိုကြည့်ပြီး လက်သီးတင်းတင်းဆုပ်ကာ ဝဲတက်လာတဲ့မျက်ရည်တွေကို တားဆီးမိတယ်..။ဦးနှောက်ကတော့ တောင့်ခံနေပေမယ့် နှလုံးသားက အလိုလိုတုန့်ပြန်တယ်...
ရင်ထဲတင်းကျပ်နေတာပြေလျော့လိုလျော့ငြား Coffeeပူပူကို သောက်မိတော့ ပူလောင် ခါးသက်လွန်းတဲ့ အရသာက သူ့ခံစားချက်တွေကို ပိုပြီးတောင် ပံ့ပိုးပေးလိုက်သလိုပဲ...
ပျော့ညံ့လိုက်တာ...အရာရာရင်ဆိုင်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားပြီးသားလေ..ဒီလောက်ကိစ္စလေးနဲ့ မျက်ရည်ကျနေရလား....
ဖွင့်ဟမပြောပေမယ့်..အရင်ကမောင့်ကို အရမ်းလွမ်းတယ်...ရူးမတတ်ပဲ...
_________________________________
လှေကားပေါ်ကဆင်းလာတဲ့မောင့်ကို ကြည့်မိတော့ မောင်က အရင်ကလိုပဲ မပြောင်းမလဲ ချောမောတုန်းပဲ...။
မောင့်သူငယ်ချင်းနဲ့မောင် တူတူဖွင့်ထားတဲ့ ဆိုင်မှာ စတွေ့ခဲ့ကြတုန်းက အချိန်ကိုတောင် ပြန်သတိရမိတယ်..။ အဲ့တုန်းက အခုလို သူ့ကိုတွေ့လိုက်တာနဲ့ မျက်မှောင်ကြုတ်သွားတတ်တာတွေ အကြည့်လွှဲသွားတတ်တာတွေ မရှိခဲ့ဘူး...။ရင်ကိုခွဲတဲ့စကားလုံးတွေလဲမရှိဘူး...။
နွေးနွေးထွေးထွေးအပြုံးတွေနဲ့ ချိုမြမြစကားတွေပဲ ရစ်သိုင်းနေခဲ့တာ...။
ESTÁS LEYENDO
မောင်~ [မောင်~]
Fanficကျွန်တော့်ချစ်ခြင်းတွေကိုမြင်အောင်ကြည့်ပါ.. မောင်တစစီနင်းခြေသွားတဲ့ နှင်းဆီပွင့်ဖတ်တွေဟာ ကျွန်တော့်နှလုံးသားပဲ.. မုန်းစမ်းပါလေမောင်.. မုန်းစမ်းပါလေ... ကျွန်တော့်နှလုံးသွေးတွေနဲ့ဖြစ်တည်လာတဲ့ အချစ်တွေ မောင်န...