မောင်​~ (၁၀)

1.6K 179 41
                                    

အ​နောက်​တိုင်းဝတ်​စုံကို ​သေချာဝတ်​ထားတဲ့ ပုံစံကို မှန်​ထဲမှာ ပြန်​ကြည့်​လိုက်​​တော့ ပြီးပြည့်​စုံစွာ~

ဧည့်​ခန်းကခုံမှာ ​သေ​သေသပ်​သပ်​ ​ခြေချိတ်​ထိုင်​​နေရင်း ​မောင်​ထွက်​လာတာကို ​စောင့်​​နေမိတယ်​...။

အရင်​က​တော့ ပွဲတက်​ရမယ်​ဆို အားလုံးသူပဲပြင်​ဆင်​​ပေး​နေကျဖြစ်​​ပေမယ့်​ အခု​တော့..ကံတရားကြီးက ရက်​ရက်​စက်​စက်​ ကျီစား​လေတယ်​..

တခြားမိန်းမတစ်​​ယောက်​က​မောင့်​ကိုပြင်​ဆင်​​ပေး​နေတာကို အပြင်​လူတစ်​​ယောက်​လို မျက်​နှာလွှဲရင်း ​စောင့်​​နေရလိမ့်​မယ်​လို့ သူလုံးဝ​တွေးမထင်​ခဲ့မိဖူးဘူး...

"သွားမယ်​.."

တစ်​ခွန်းပဲ​ပြောပြီး ကားရှိရာ ထွက်​သွားတဲ့​မောင့်​​နောက်​ကို သူလိုက်​လာခဲ့တယ်​..။

တံခါးဖွင့်​ပြီး ဝင်​ထိုင်​လိုက်​တဲ့အချိန်​မှာ ​မောင်​နဲ့သူ ဒီလိုမျိုး မသွားဖြစ်​တာ ​တော်​​တော်​ကြာပြီဆိုတာ သတိရမိတယ်​...။

"ကားထွက်​​တော့မှာ​လေ..ခါးပတ်​မပတ်​ဘူးလား..."

မောင့်​လေသံမာမာကြား​တော့မှာ က​ယောင်​ကတမ်း ခါးပတ်​လိုက်​ရှာမိတယ်​..။

စိတ်​မရှည်​သလိုဖြစ်​​နေတဲ့​မောင့်​​ကြောင့်​ သူအတတ်​နိုင်​ဆုံးစိတ်​ထိန်းပြီး ရှာမှ ​လက်​က ငြိမ်​ပြီး ပတ်​နိုင်​တယ်​...။

ကား​ပေါ်ကဆင်းလိုက်​တာနဲ့ တခြားတစ်​​ယောက်​လို​ပြောင်းလဲသွားတဲ့ ​မောင့်​ပုံစံ..။

သူ့ကို ကမ်း​ပေး​နေတဲ့လက်​ဖဝါး​တွေကို သူဝမ်းနည်းစွာ ​ငေးကြည့်​​နေမိတယ်​...။ အတုအ​ယောင်​ဟန်​​ဆောင်​မှုဆို​ပေမယ့်​ ရင်​ထဲမှာ အတိုင်းအဆမရှိ​ပျော်​​နေတယ်​ဆိုတာ ​မောင့်​ကိုသိ​စေချင်​တယ်​...။

မောင့်​လက်​ဖဝါး​နွေး​နွေး​တွေကို ​ဆုပ်​ကိုင်​မိ​တော့ ​​လက်​ချင်းအုပ်​ကိုင်​ယူပြီး လက်​​မောင်းကို ချိတ်​​စေတယ်​...။

ဝဲတက်​လာတဲ့မျက်​ရည်​​တွေကို လူမမြင်​​အောင်​ အသာပုတ်​ခတ်​ပြီး သိမ်းဆည်းထားရတယ်​...။

မောင်​~ [မောင်~]Donde viven las historias. Descúbrelo ahora