မောင်​~ (၂)

2.4K 188 33
                                    


KIM MINSEOK

လက်​ထပ်​စာချုပ်​​ပေါ်က ​မောင့်​နာမည်​ကို လက်​ဖျား​လေးနဲ့ အသာတို့ထိကြည့်​မိတယ်​။ အဲ့ဒီတုန်းက ကျွန်​​တော်​တို့ သိပ်​​ပျော်​​နေခဲ့တာ ။ မဟုတ်​​သေးဘူး ကျွန်​​တော်​ပဲ သိပ်​​ပျော်​​နေခဲ့တာလား

တစ်​ချိန်​တုန်းက​တော့ ကျွန်​​တော့်​ကို ​မောင်​သိပ်​ချစ်​ခဲ့တာ

"​မောင်​"

"ဟင်​"

"ကျွန်​​တော့်​ကိုချစ်​လား"

"ချစ်​တာ​ပေါ့ က​လေးရဲ့ ​မောင့်​မှာ ချစ်​စရာ က​လေးတစ်​​ယောက်​ပဲ ရှိတာ "

"တကယ်​​နော်​ ​မောင်​"

"တကယ်​​ပေါ့ကွာ"

တစ်​ချိန်​က ​မောင်​​ပြောခဲ့ဖူးတဲ့စကား​တွေ။ အခုချိန်​ပြန်​စဉ်းစား​တော့ ကျွန်​​တော့်​နှလုံးသားကို အက်​ဆစ်​​​တွေလို တစစတိုက်​စားတယ်​။

မောင့်​ကိုချစ်​လွန်းလို့ လုပ်​ခဲ့သမျှဟာ ကျွန်​​တော့်​ကို ​မောင်​မုန်းတီးသွား​စေမယ့်​ အရာချည်းသက်​သက်​ဖြစ်​​နေခဲ့တယ်​။

မောင့်​ရဲ့တစ်​သက်​လုံးသက်​ဆိုင်​သူဖြစ်​ချင်​ခဲ့တဲ့အတွက်​ ​မောင့်​မိဘ​တွေကို ​ကျွန်​​တော်​တို့အ​ကြောင်း အသိ​ပေးပြီး လက်​ထပ်​မယ်​​ပြောခဲ့တုန်းက​ပေါ့ ..

ပတ်​ဝန်းကျင်​ကိုအသိမ​ပေးခဲ့တဲ့ ​မောင်​ အသိမခံခဲ့တဲ့ ကျွန်​​တော်​တို့ဇာတ်​လမ်း..

ကျွန်​​တော်​တို့နှစ်​​ယောက်​ စည်းလွန်​ခဲ့တဲ့ ညက ဓာတ်​ပုံအပိုင်းအစတချို့ကို ပြလိုက်​ခ်ျိန်​ ​မောင့်​​အ​ဖေသတိလစ်​သွားတုန်းက ..

မောင်​ အဲ့ဒီ​နေ့က ကျွန်​​တော့်​ကိုအရမ်း​ဒေါသထွက်​ခဲ့တယ်​..

တောင်းပန်​ပါတယ်​ ​မောင်​ ဒီလိုမှ မလုပ်​ခဲ့ရင်​ ​မောင်​ ကျွန်​​တော့်​ကိုထားသွား​တော့မှာ..

မောင်​နဲ့ မိန်းမတစ်​​ယောက်​ရဲ့ ဇာတ်​လမ်းတစ်​ချို့ကို ကြား​နေမိတာ​ကြောင့်​ လက်​မလွှတ်​ရခင်​ လက်​ဦးမှုယူခဲ့တာပဲ ..

မောင်​~ [မောင်~]Donde viven las historias. Descúbrelo ahora