အကြီးမားဆုံး ကံကောင်းခြင်းက ဘယ်အရာလို့ ခင်ဗျားတို့ယူဆသလဲ....
ဥပမာပေးရရင်ဖြင့်...ခင်ဗျားသိပ်စွဲလမ်းတဲ့idol က ခင်ဗျားမျက်နှာကို တည့်တည့်ကြည့်လို့ အပြုံးတစ်ခုကို ဖန်တီးလိုက်တဲ့အခါမျိုးမှာပေါ့....
ဒါပေမယ့် ပြောခဲ့တဲ့အတိုင်း လောကကြီးက ဆန်းကြယ်လွန်းတယ်...
ရုပ်ရှင်တွေထဲက ဇာတ်ညွှန်းတွေထက်...ခင်ဗျားတို့ကြည့်နေကျ K drama တွေထဲက စာသားတွေထက် ပိုပြီးတော့ပေါ့...
ဆ်ုကြပါစို့ ..
ခင်ဗျားတို့ စိတ်ကူးယဉ် ဖူးကြမှာပေါ့..
အဲ့ဒီလူသားနဲ့ ဆုံတွေ့ရတဲ့အခါ...
ဘယ်လိုဘယ်ပုံ လှပစွာဝတ်လို့ ဘယ်လို စကားမျိုးကို ပြောမယ်ပေါ့...တကယ်.တကယ်လက်တွေ့မှာတော့ဖြင့်......
နှင်းစက်တွေကိုငေးလို့ တွေတွေလေး ရပ်နေမိတာ ဘယ်လောက်တောင်ကြာသွားမှန်းမသိ..
Geရဲ့ ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့...
Ge က သူမကို ကြည့်လို့ ခွိခနဲ ရယ်ရင်း မေးတယ်..
" လန်အာဒီမှာ ဘာရပ်လုပ်နေတာလဲ "တဲ့...
ဟောဒီလောကကြီးထဲ
အမြတ်နိုးရဆုံး လူသားဟာ သူမကိုငေးလို့ ပြုံးရယ်သွားခဲ့တဲ့အကြောင်း တစ်ခုပ်တစ်ရ ပြောပြဖို့ ကြံမိတော့...Ge က အလေးအနက်ပြောပြဖို့ ကြံနေတဲ့ သူမမျက်နှာကိုကြည်ရင်းပြုံးစိစိ မျက်နှာထားကို မထိန်းနိုင်တော့တဲ့ ဟန်နဲ့ တဟားဟားရယ်လေရဲ့...
သူမမျက်နှာကို ကြည့်လို့ တဟားဟားအော်ရယ်နေတဲ့ ge ကိုကြည့်ရင်း နှူတ်ခမ်းစူလိုက်မိတော့...
Ge က ရယ်ရလွန်းလို့ နာနေတဲ့ ဗိုက်ကိုနှိပ်ရင်း တစ်သျူးထုတ်ပေးလာတယ်.." ဘာအတွက်လဲ " လို့ မေးမိတော့ ရယ်လွန်းလို့ ထွက်ကျလာတဲ့ မျက်ရည်တွေကို သုတ်လို့  ကားမှန်ကို မေးငေါ့ပြတယ်...
ကားမှန်ကနေတဆင့် သူမ မျက်နှာကို ကြည့်မိတော့...
ခုနက သူမမျက်နှာကို ကြည့်လို့ ပြုံးရယ်သွားရခြင်းရဲ့ အကြောင်းအရင်းအမှန်ဟာဖြင့် သူမရဲ့ ပုံပန်းသွင်ပြင်ကြောင့် ဖြစ်ကြောင်း သိလိုက်ရတဲ့ အခိုက် သူမရဲ့ နှလုံးသားလေးဟာ မြေပေါ်သို့ တစစီ ပြိုလဲကျေကွဲတစ်ခွမ်းခွမ်းကွဲသွားရှာတယ်...
YOU ARE READING
Wu Yifan သို့မဟုတ်....
Fanfictionတိမ်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ဖူးလား... မှောင်မိုက်တဲ့ညတွေမှာ ကြယ်တွေကိုငေးကြည့်ခဲ့ဖူးလား.. ကျွန်မ မှတ်မိနေသေးတယ်.. သူဟာ ကျွန်မကို ဟိုး မိုးကောင်းကင်ပေါ်က အဆမတန်လင်းလက်နေတဲ့ ကြယ်တွေလို ငေးမောကြည့်လို့ ပြုံးပြနေခဲ့တာကိုပေါ့... သူက ကျွန်မကို မေးခဲ...