♥တစ်နေ့နေ့တစ်ချိန်ကျရင်တော့ ခင်ဗျားရှေ့မှာ ခြေစုံရပ်လို့ ချစ်တဲ့အကြောင်းကိုပြောပါ့မယ်♥
~~~~~~~~~~~~~~~~~
"လန်အာ..""လန်အာ!!"
"ဟင်...ဘာလဲ""ရောက်ပြီ ကလေးမ ထတော့ "
"အင်း..အင်း.."
တစ်နေကုန် စိတ်ကော လူကော ပင်ပန်းခဲ့သဖြင့် မျက်လုံးက ကောင်းကောင်းမပွင့်ချင်..မိုးလည်း မိထားတော့ လူက ဖျားချင်သလိုလိုတောင် ဖြစ်နေပြီမို့...
အတင်းမျက်စိကို ပွတ်သတ်ပြီး ဖြဲယူလိုက်ရတယ်...."အင်..အိမ်ရောက်ပြီလား.."
"အိပ်ပုတ်မလေး မြန်မြန်ထတော့"
"အင်း..ထပြီ....ဟက်ခိျုး... "
"ဟက်ချိုး!!"
"ကြည့်စမ်း....အအေးမိနေပြီ...မှန်း...
ကိုယ်တွေလည်းပူလို့ မဖြစ်ဘူး ဆေးရုံသွားမှ ဖြစ်မယ် .."ge က သူမ နှဖူးကို စမ်းရင်း ပြောပြောဆိုဆိုဖြင့် ကားမောင်းထွက်ရန် ပြင်လိုက်တာမို့....
"နေပါအုံး geကလည်း ဆေးရုံထိ မလိုပါဘူး. ရိုးရိုးအအေးမိရုံပဲကို ဆေးသောက်လိုက်မယ်လေ လန်အာ့ကို အခန်းထိပဲ လိုက်ပို့ပေးလေ နော်.... "
"ရှောင်လန် ခေါင်းမာမနေနဲ့...ဒီလောက်ကိုယ်ပူနေတာ..တစ်ယောက်ထဲ ဘယ်လိုလုပ်မလဲ... ဆေးရူံမသွားချင်လည်း ရတယ်..
အိမ်တော်ကို ပြန်လိုက်ခဲ့...""ဘိုးဘိုးကလည်းဒီရက်ပိုင်းနင့်ကိုတွေ့ချင်နေတာ"
"ဘိုးဘိုးကိုတွေ့ဖို့ မျက်နှာပူတယ်Geရဲ့=_="
"ဟက်ချိုး!!"
"တွေ့လားနင်မရတော့ဘူးအတွန့်မတက်နဲ့ပြန်လိုက်ခဲ့တော့"
ပြောလို့လည်း ရမှာမဟုတ်တော့လို့ သူမ စိတ်ညစ်ညစ်နဲ့ ခေါင်းငြိမ့်လိုက်မှ geက
"ခေါင်းမာတဲ့ကလေးမ "လို့ ပြောရင်း ဆံပင်ကို လာဖွတယ်...
"ဆံပင်ကို မဖွပါနဲ့ဆိုနေ..."
ပွသွားတဲ့ ဆံပင်ကို ပြန်ပြင်လိုက်ရင်း သူမအော်တော့..ge က ရယ်ရင်း ကားကိုမောင်းထွက်လိုက်တယ်.....
ВЫ ЧИТАЕТЕ
Wu Yifan သို့မဟုတ်....
Фанфикတိမ်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ဖူးလား... မှောင်မိုက်တဲ့ညတွေမှာ ကြယ်တွေကိုငေးကြည့်ခဲ့ဖူးလား.. ကျွန်မ မှတ်မိနေသေးတယ်.. သူဟာ ကျွန်မကို ဟိုး မိုးကောင်းကင်ပေါ်က အဆမတန်လင်းလက်နေတဲ့ ကြယ်တွေလို ငေးမောကြည့်လို့ ပြုံးပြနေခဲ့တာကိုပေါ့... သူက ကျွန်မကို မေးခဲ...