တစ်ချိန်တစ်ခါတုန်းက တစ်စုံတစ်ယောက်ကပြောခဲ့ဖူးတယ်..
လူတစ်ယောကိဟာ တစ်စုံတစ်ခုကိုတကယ့်ကို ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပြီး စိတ်ရင်းနဲ့ ဆုတောင်းခဲ့ရင် အဲ့ဒီ အရာက အမှန်တကယ်ဖြစ်လာလိမ့်မယ်တဲ့.......♥♥♥♥♥
ကောင်းကင်တစ်ခုလုံး မိုးသားတိမ်လိပ်တွေနဲ့ မဲပြာလို့ ...
လေနတ်သားကလည်း အငြိုးကြီးဟနိနဲ့ ဝုန်းဒိုင်းကြဲမွှေနှောက်လို့ ..
သစ်ပင်တွေကလည်း ယိမ်းနွဲ့ကခုန်လို့ တစ်စုံတစ်ခုအတွက် ငိုကြွေးနေဟန်...မာန်ဖီနေတဲ့ မိုးကောင်းကင်ကိုကြည့်ရင်း ငယ် နှူတ်ခမ်းစူလိုက်မိတယ်..
စောစောပိုင်းကအထိ ကောင်းကင်မှာ တိမ်တစ်စမှ မရှိဘဲ လေပြေညှင်း လေးတိုက်လို့ နေရောင်တွေ ဖြာကျနေခဲ့သေးတာ...
မကြာလိုက်တဲ့အချိန်လေးတွင်းမှာ
ပြောင်းလဲသွားတဲ့ အဲ့ဒီ မိုးသားတိမ်တိုက်တွေဟာ တကယ့်ကို သူ့အတိုင်းပဲ ခန့်မှန်းရ ခက်ခဲလွန်းတယ်....ဒီနေ့က သူမတို့ရဲ့ ရုပ်ရှင်မိတ်ဆက်ပွဲနေ့...
တိတိကျကျ ဆိုရရင်ဖြင့် သူနဲ့တကွ ဒီရုပ်ရှင်မှာ ပါဝင်မယ့် ဇာတ်ကောင်အားလုံးကိုမိတ်ဆက်မယ့်နေ့...နဂိုထဲက လျို့ဝှက်ချက်များစွာနဲ့ စခဲ့တဲ့ ဇာတ်လမ်းမလို့ မီဒီယာတွေနဲ့ ပရိသတ်တွေကအစ နိုင်ငံတကာအထိ စိတ်ဝင်စားကြတာမို့
ပွဲဦးထွက်မှာ အကောင်းဆုံးကြိုးစားဖို့ သူမ စဉ်းစားထားတယ်...Stylist အမယူလာပေးတဲ့
မိုးပြာရောင်ပိုးသားနုနုနဲ့ နီရဲရဲပိုးသားဂါဝန်ကို ယှဉ်ကပ်ကြည့်ရင်း. နီရဲရဲပိုးသားဂါဝန်ကို ပဲ ရွေးဖို့ဆုံးဖြတ်လိုက်တယ်...
အနီက ရဲရင့်ခြင်းကိုသဘောဆောင်ပြီး ကိုယ့်ကိုယ်ကို ယူံကြည်မှူပေးတာမို့လေ...မိတ်ကပ်ဆံပင်အစအဆုံးပြင်ပြီးတော့ အချိန်တစ်နာရီတောင်ကြာသွားပြီ..
မှန်ရှေ့ကို ကြည့်မိတော့..
စိန်ပန်းတွေလိုနီရဲတောက်နေတဲ့ ဂါဝန်နီရဲရဲကိုဝတ်ဆင်ထားပြီဲး့ ဖြန့်ချထားတဲ့ ဆံနွယ်ခွေလိပ်လိပ်တွေနဲ့ သူမရဲ့ပုံရိပ်ဟာ တစ်မျိုးတစ်ဖုံ ထူးခြားနေလေရဲ့...
>>>>>
"ဟူး."
သူမ ကားအတွင်းကနေထိုင်ရင်း သက်ပြင်းချလိုက်မိတယ်...
YOU ARE READING
Wu Yifan သို့မဟုတ်....
Fanfictionတိမ်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ဖူးလား... မှောင်မိုက်တဲ့ညတွေမှာ ကြယ်တွေကိုငေးကြည့်ခဲ့ဖူးလား.. ကျွန်မ မှတ်မိနေသေးတယ်.. သူဟာ ကျွန်မကို ဟိုး မိုးကောင်းကင်ပေါ်က အဆမတန်လင်းလက်နေတဲ့ ကြယ်တွေလို ငေးမောကြည့်လို့ ပြုံးပြနေခဲ့တာကိုပေါ့... သူက ကျွန်မကို မေးခဲ...