မျက်ရည်မကျ ပဲ နာကျင်ဖူးလား....
မျက်ရည်တစ်ပေါက်မှမကျပါပဲ..
အသည်းနှလုံးတွေ စုတ်ပြတ်သွားမတတ် ရှိုက်ငိုဖူးပါသလား...
ကြယ်ရောင်တွေတောက်ပနေခဲ့တဲ့ အထီးကျန်ညတွေမှာ တစ်စုံတစ်ယောက်ကို စူးစူးနစ်နစ် လွမ်းဆွတ်ဖူးသလား....
အဲ့လိုဆိုရင် ခင်ဗျားတို့ အချစ်ဆိုတာကို ခံစားတတ်နေပြီ...မနက်ခင်းရဲ့နွေးထွေးတဲ့ရောင်ခြည်က အခန်းငယ်လေးထဲ တိတ်တဆိတ်ဝင်ရောက်လာတယ်....
ဒေါက်....ဒေါက်...
တံခါးခေါက်သံသဲ့သဲ့ကြောင့်
မကျေမနပ်နှူတ်ခမ်းစူမိရင်း
အိပ်ရာက လူးလဲထတော့..."မမလေး နိုးပြီဆိုရင် သခင်ကြီးက
စာကြည့်ခန်းမှာ စောင့်နေပါတယ်တဲ့"လာခဲ့မည့်အကြောင်း ခေါင်းငြိမ့်ပြလိုက်တော့..
အထိန်းတော်ကျန်း က ခပ်ဖွဖွပြုံးလေတယ်..
"မမလေး သခင်ကြီးက အရေးကြီးတာတစ်ခုခုပြောမလို့ထင်ပါတယ်...
မြန်မြန်သွားလိုက်ပါ"သူမဒီအိမ်ကိုရောက်တာလည်း
တစ်နှစ်ပြည့်တော့မှာမို့ တစ်အိမ်သားလုံးနဲ့ခင်မင်နေပြီ..ဟိုသားအမိကလွဲရင်ပေါ့လေ..
သူမအားဘာကိုမကြည်မှန်းမသိ..တစ်အိမ်သားလုံးက သူမအားချစ်ခင်ကြပေမယ့်..သူတို့ကတော့
သူမအား မျက်နှာချင်းဆိုင် ဆုံခဲ့ရင်တောင်မှမျက်စောင်းထိုးကာ ရှောင်သွားတတ်တာမျိုး...လှေကားလက်ရမ်းတွေကိုကိုင်ရင်း ခပ်သွက်သွက် ပြေးဆင်းလာမိတယ်....
အဘိုးရဲ့ စာကြည့်ခန်းက အောက်ထပ်မှာမဟူတ်ပါလား...
တံခါးကိုခပ်ဖွဖွခေါက်ရင်း အခန်းထဲဝင်လိုက်တော့...
ရှေးခေတ် တရုတ်ဟန်ပန် အငွေ့အသက်အချို့က သူမကို ရိုက်ခတ်တယ်...ညာဖက်မှာ ဈေးကြီးဟန်တူသည့် ပန်းချီကားတွေကို ချိတ်ထားပြီး ဘယ်ဖက်မှာက ရှေးဟောင်းပစ္စည်း တော်တော်များများကို တွေ့ရသည်..
ESTÁS LEYENDO
Wu Yifan သို့မဟုတ်....
Fanficတိမ်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ဖူးလား... မှောင်မိုက်တဲ့ညတွေမှာ ကြယ်တွေကိုငေးကြည့်ခဲ့ဖူးလား.. ကျွန်မ မှတ်မိနေသေးတယ်.. သူဟာ ကျွန်မကို ဟိုး မိုးကောင်းကင်ပေါ်က အဆမတန်လင်းလက်နေတဲ့ ကြယ်တွေလို ငေးမောကြည့်လို့ ပြုံးပြနေခဲ့တာကိုပေါ့... သူက ကျွန်မကို မေးခဲ...