မိုးကောင်းကင်ပေါ်က ဖြူလွလွ တိမ်တိုက်တွေကိုကြည့်ရင်း အဲ့ဒီ ဖြူလွလွ တိမ်တိုက် တွေဟာ ဘယ်လောက်တောင် လှပပါတယ်ဆိုတဲ့အကြောင်း တစ်ကြိမ်လောက်ဖြစ်ဖြစ် အမှတ်တမဲ့ ရေရွတ်ခဲ့ဖူးလား.....
တကယ်လို့ မကြည့်ခဲ့ဖူးရင် အခုပဲ ဖြစ်ဖြစ် တစ်ချက်လောက် မော့ကြည့်လိုက်ပါ..
ပြာလဲ့လဲ့ကောင်းကင်ယံထက် လွှင့်မြောနေတဲ့ အဲ့ဒီ ဖြူလွလွ တိမ်တိုက်တွေဟာ တကယ့်ကို လှတယ်....♥♥♥♥♥
ဟိုးမိုးကောင်းကင်ပေါ်က မှောင်မဲနေတဲ့ တိမ်တိုက်တွေဆီကနေ မှောက်ကျလာတဲ့ အဖြူရောင် မိုးရေစက်တွေဟာ မြေပြင်ပေါ်တစ်ဖွဲဖွဲ ယိုဖိတ်လို့...
မြန်မာပြည်လို မျိုး မြေသင်းနံ့ လေး သင်းမနေတတ်ပေမယ့် ရှန့်ဟိုင်းရဲ့ မိုးစက်တွေဟာ တစ်မျိုးတစ်မည် လှတယ်...
" I search the universe.. "
ရုတ်တရက် ထွက်ပေါ်လာတဲ့ ဖုန်းသံကြောင့် စောင်ပုံထဲကနေ သူမ ကုန်းရုန်းထလိုက်တယ်...
" ဘယ်သူလဲကွာ အားလပ်ရက်ဆို အနှောက်အယှက်က လာပြီ မိုးအေးတုန်း ကွေးမလို့ပါဆိုနေ "
သူမ စူပုတ်ပုတ်ရေရွတ်ရင်း ဖုန်းကိုင်လိုက်တော့...
ခပ်ရှရှ ထွက်ပေါ်လာတဲ့ သြဇာအပြည့်နဲ့ အသံတစ်သံ..." ရှောင်လန် မင်းကို ဟိုတစ်နေ့က ပြောထားတဲ့ ရုပ်ရှင်အတွက့် ဇာတ်ညွှန်း မန်နေဂျာနဲ့ ပို့ခိုင်းလိုက်တယ်.. ဖတ်ထားလိုက်အူံး"
" အဲ့ဒါရိုက်တာက အရမ်းတော်ပြီး မာနအရမ်းကြီးတာနော် ငါမင်းအတွက်မနဲ လုပ်ထားပေးရတာ ဒါမင်းအတွက် အခွင့်အရေးပဲ ကြားလား."
အလုပ်ကိစ္စ ဖြစ်ပေမယ့် အိပ်ရေးပျက်သွားတာမို့ စိတ်ကမကြည်ချင်...
"... ....."
ရှောငိလန် ငါပြောတာကော ကြားလား..!!! "
" အင်း..."
" အသံက အိပ်ချင်မူးတူးအသံနဲ့..
အခုမှ ထတာမလား"
YOU ARE READING
Wu Yifan သို့မဟုတ်....
Fanfictionတိမ်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ဖူးလား... မှောင်မိုက်တဲ့ညတွေမှာ ကြယ်တွေကိုငေးကြည့်ခဲ့ဖူးလား.. ကျွန်မ မှတ်မိနေသေးတယ်.. သူဟာ ကျွန်မကို ဟိုး မိုးကောင်းကင်ပေါ်က အဆမတန်လင်းလက်နေတဲ့ ကြယ်တွေလို ငေးမောကြည့်လို့ ပြုံးပြနေခဲ့တာကိုပေါ့... သူက ကျွန်မကို မေးခဲ...