အချစ်ကို ဘယ်လိုတိုင်းတာသတဲ့လဲ...
အလွမ်း...ဒါမှမဟုတ်.. မျက်ရည်တွေလား...
တစ်ခါတလေကျ လောကကြီးက ရယ်ဖို့ကောင်းတယ်...
မျှော်လင့်ထားတဲ့ဆုတောင်းတွေကပြည့်မလာပဲ
မတောင်းခဲ့တဲ့ ဆုတွေကတော့ ပြည့်သတဲ့.....•••••••••••••••••••••••
မျက်ရည်တွေကိုသုတ်ရင်း သူမအနားရောက်လာတဲ့ ခြေတစ်စုံကို
မော့ကြည့်မိတော့..."ရှောင်လန်..."
နွေးထွေးတဲ့အသံတစ်ခု....
"Ge!"
သူမ အားကိုးတကြီး ge အား ပြေးဖက်လိုက်မိသည်....
"Ge "
"ငယ်က သူတို့ပြောသလို မဟုတ်ဘူးနော်...
မဟုတ်ဘူးနော်....
ငယ်က အရည်အချင်းမရှိတဲ့ သူ မဟုတ်ဘူး.နော်....""Ge သိပါတယ်....ge သိပါတယ်...ရှောင်လန်ရယ်"
Ge က သူမ ပုခုံးကို ခပ်ဖွဖွပုတ်ရင်း နှစ်သိမ့်ပေးလာခဲ့တော့....
Ge ရင်ခွင်မှာ အပ်လို့ သည်းထန်စွာ ငိုကြွေးလိုက်မိပါရဲ့.."ကဲ.. ကဲ..တိတ်တော့ ကြည့်စမ်း ဒီမှာ ကြောင်ချီးရုပ်ဖြစ်နေပြီ အရူးမလေး"
Ge က သူမကို ဆွဲခွာလိုက်ရင်း ရယ်ရယ်မောမောပြောလာတယ်...
"Ge နော် "
သူမ အလိုမကျစွာ အော်ရင်း မျက်ရည်တွေသုတ်လိုက်မိတယ်...
ge ဟာ သူမအတွက်တော့ အမြဲ နားခိုရာ အိုအေစစ်လေးလိုပဲ....
သူမ အလိုမကျတဲ့အခါ....
သူမ စိတ်တိုနေတဲ့အခါ....
ဖုန်းတွေဆက်ပြီးရစ်တဲ့အခါ...
သူမ ဘာပဲလုပ်လုပ် အမြဲ သည်းခံပေးပြီး သူမကိုအားပေးတယ်..နှစ်သိမ့်တယ်....သူမကို ရယ်လာအောင်စ နေတဲ့ ge ကို ကြည့်ရင်း.... အသည်းယားလာတာမို့ပြေးဖက်လိုက်မိတယ်...
"Ge ကငယ့်အတွက်တော့ တကယ့်ကို အရေးပါတဲ့သူပဲသိလား..
လောကကြီးမှာ အဘိုးနဲ့အမေနဲ့ သူနဲ့ ပြီးရင် ge ကို အချစ်ဆုံးပဲ ""ဟမ်..."
ရုတ်တရက် ကြီး ထပြောရင်းဖက်လိုက်တဲ့အပြုအမူကြောင့် ge က ရှက်ကိုးရှက်ကန်း ဟန်နဲ့ ချောင်းတွေဘာတွေဆိုးရင်း သူမကို လှမ်းပြောတယ်...
ESTÁS LEYENDO
Wu Yifan သို့မဟုတ်....
Fanficတိမ်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ဖူးလား... မှောင်မိုက်တဲ့ညတွေမှာ ကြယ်တွေကိုငေးကြည့်ခဲ့ဖူးလား.. ကျွန်မ မှတ်မိနေသေးတယ်.. သူဟာ ကျွန်မကို ဟိုး မိုးကောင်းကင်ပေါ်က အဆမတန်လင်းလက်နေတဲ့ ကြယ်တွေလို ငေးမောကြည့်လို့ ပြုံးပြနေခဲ့တာကိုပေါ့... သူက ကျွန်မကို မေးခဲ...