(Zawgyi)
ချီးကျူး၇ရက် ကဲ့ရဲ့၇ရက်ဆိုတဲ့စကားပုံလိုပဲ ရက်သတ္တပတ်ကြာပြီးတဲ့နောက်မှာတော့Yixingနဲ့Jun Myeonရဲ့ဇာတ်လမ်းကအရင်ကလောက်နာမည်ကြီးမနေတော့ပါ....
ဟိုဟိုဒီဒီစပ်စုနေကြတဲ့သူတွေရှိဆဲပေမဲ့အနေအထိုင်ဆင်ခြင်တဲ့Yixingက Jun Myeonအတွက်ရည်ရွယ်ပြီးရှောင်သည်
ဒီလိုကျတော့လည်းစိတ်ထဲတစ်မျိုး
အမြဲတမ်းစနောက်နေတဲ့သူကရှောင်နေတာမို့နေရထိုင်ရခက်သလို
တစ်ကျောင်းထဲမို့Busကားချိန်တူတာတောင် ကျောင်းကိုဆိုင်ကယ်နဲ့သွားတဲ့Yixing
ကန်တင်းမှာတွေ့ရင်လည်းနှုတ်တောင်မဆက်.
ဘယ်လိုတွေပါလိမ့် သူနဲ့ကိုယ်ကသူများတွေသတ်မှတ်သလိုပဲတွဲနေမိတာလား
အရင်ကနဲ့တော်တော်လေးသိသိသာသာကွာခြားလာတဲ့ဆက်ဆံရေးကြောင့်Jun Myeonမပျော်တာတော့သေချာသည်..
စာကျက်ဖို့ရည်ရွယ်ပြီးခြံထဲကခုံပုပေါ်တင်ထားတဲ့Pharmacologyစာအုပ်ကိုကြည့်
ကာသက်ပြင်းချလိုက်သည်ဘာလို့လည်း....သူ့ကြောင့်စိတ်ညစ်နေပါတယ်ဆိုမှ မင်းကပါဘာလို့ရက်စက်တာလည်း
သနားစရာကောင်းတဲ့Kim Jun Myeonလေး
မကျက်ချင်သောစာများအားကျက်ရသောဒုက္ခသည်မချစ်သောသူနှင့်နေရသောဒုက္ခထက်ပိုဆိုးရွားသည်
တကယ်ဆို လူတွေသာရောဂါမဖြစ်အောင်နေထိုင်ကြရင် ဒီဆေးစာတွေသူကျက်စရာလားလားမှအကြောင်းမရှိ
ခုတော့နေတာထိုင်တာ စားတာသောက်တာမဆင်ခြင်တော့ ဒင်းတို့အတွက်စာကိုသင်နေရတယ်
Yixingဆိုသူ့ထက်စာတွေအများကြီးပိုကျက်ရမှာ
သနားပါတယ်
အဲ.....မသနားပါဘူး....ဘာလို့သနားရမှာလည်း...
ဟွန့်....ကိုယ့်အတွေးနဲ့ကိုယ်နာခေါင်းရှုံ့နေတုန်းဆိုင်ကယ်သံကြားလို့ကြည့်မိတော့Zhang Yixing
YOU ARE READING
Antidote(COMPLETED)
Romanceငယ်ငယ်လေးတုန်းက..ပညာရေးမှာပြိုင်ခဲ့ကြတယ်.....အရွယ်ရောက်တော့...နှလုံးသားချင်းပြိုင်ကြည့်ရအောင်......?? Cover by @byunasunapark00