Zawgyi
စကားသံတွေ စနောက်သံတွေ မုန့်စားသံတွေနဲ့ဆူညံနေတဲ့ အိမ်စီးကားလေးဟာ ဖြူးဖြောင့်နေတဲ့ 6လမ်းသွားလမ်းမကျယ်ကြီးပေါ်မှာ အရှိန်နဲ့ပြေးလွှားနေသည်။
ကား Back မှန်ကနေလှမ်းမြင်နေရတဲ့ မျက်နှာပြင်နဲ့ခေါင်းလုံးလုံးလေးက ကားမှန်ကိုတဂွက်ဂွက်နဲ့ ထိရိုက်နေသည်။
ဘေးကအမေနှစ်ယောက်ကလည်း ဘာတွေများပြောနေကြတယ်မသိ ကားထွက်ကတည်းကပါးစိပ်မပိတ်တာ အခုချိန်ထိပဲ။
Yixingတို့အိမ်ကကားနဲ့ပဲလာတာမို့ ပါးနဲ့Xingကအလှည့်ကျကားမောင်းရန်အတွက် ရှေ့ခန်းကထိုင်နေရပေမဲ့ စိတ်ကမဖြောင့်။
မောင်းမောင်းချင်းကတော့ စိတ်ဝင်တစားဟိုကြည့်ဒီကြည့်နဲ့ လုပ်လိုက်၊သူ့မေမေကို သိချင်တာတွေမေးလိုက်နဲ့လုပ်နေရှာပေမဲ့ နေ့လည်စာစားပြီးပြန်မောင်းကတည်းကအိပ်လိုက်တာ ခုဆိုနှစ်နာရီပင်ရှိနေပြီ။
ခေါင်းနာသွားရင်အိပ်ချင်မူးတူးထလာပြီး နှုတ်ခမ်းဆူဆူနဲ့ သူ့ငယ်ထိပ်သူပြန်ပွတ်မယ်။ပြီးရင် မျက်စိတေးတေးလေးမှေးလျက်နဲ့ မေမေ ဘယ်ရောက်ပြီလည်းမေးမယ။်ပြီးရင် ပြန်အိပ်မယ်။
ဒါနဲ့ပဲ နှဖူး ကလည်းရဲတွတ်နေရှာပြီ။
"ဟိုဘက်ကိုတော့ ကားနဲ့ကူးလို့မရဘူးမို့လား" ကားမောင်း နေတဲ့ပါးက စကားကြောမပြတ်တဲ့ မားတို့ကိုမေးသည်။
"ဟုတ်တယ် ဟိုဘက်သွားဖို့ကဘသူတို့ဆီက အင်ဂျင်ပါဝါမြင့်ကားတွေနဲ့မှရမှာ။အတက်အဆင်းတွေနဲ့ဆိုတော့လေ:".တီတီပြန်ဖြေတော့ စကားစတွေကမပြတ်တော့။
အန်ကယ်ရဲ့အလုပ်နေရာနဲ့ပက်သတ်ပြီးဆွေးနွေးနေကြတာတွေ။ လမ်း၊တံတားအင်ဂျင်နီယာဖြစ်တဲ့အန်ကယ်က တောထဲတောင်ထဲလမ်းဖောက်ရတာမို့ တောနက်တွေထဲလည်းသွားရသည်တဲ့။
YOU ARE READING
Antidote(COMPLETED)
Romanceငယ်ငယ်လေးတုန်းက..ပညာရေးမှာပြိုင်ခဲ့ကြတယ်.....အရွယ်ရောက်တော့...နှလုံးသားချင်းပြိုင်ကြည့်ရအောင်......?? Cover by @byunasunapark00