Zawgyi
မရေရာတဲ့ဆက်ဆံရေးတစ်ခုကြောင့် ပိုဝေးသွားမလား...ပိုနီးသွားမလား
ပေါ့ပေါ့ပါးပါးပြောမိတဲ့ စကားတစ်ခွန်းက လူနှစ်ယောက်ကြားက ဆက်ဆံရေးကိုယိုင်နဲ့စေသလား
ဖြေဆိုနေရတဲ့စာမေးပွဲတွေကြောင့်မျက်နှာချင်းဆိုင်ဖို့ဆိုတာဝေလာဝေး
မေမေကလည်းမျက်နှာမကောင်းရှာ
ဟိုဘက်အိမ်သို့ ဘာကိစ္စမှမခိုင်းတော့သလို Yixingနဲ့ပက်သတ်ပြီးစကားမစမိအောင်နေသည်
ပုံမှန်ဆို Yixingအကြောင်းပြောတိုင်း ဘုနဲ့ဘောက်သတ်နေကြတဲ့မိသားစုထမင်းဝိုင်းကလိုတာထက်ပိုတိတ်ဆိတ်နေသည်
ဒီကြားထဲ အလုပ်ခရီးမပြတ်တဲ့Daddyကြောင့် အိမ်ကြီးက ပျင်းရိချင်စရာ
ကျောင်းသွားကျောင်းပြန် တစ်ယောက်ထဲဖြစ်သလို Titrationလည်းဆက်မသင်တော့တဲ့Yixingက သူတတ်မြောက်သွားလို့ပါဆိုတဲ့အကြောင်းပြချက်သာပေးသည်
ဒါလည်း ကိုယ့်ဆီတိုက်ရိုက်မဟုတ် ဆရာမဆီကတဆင့်သိရတာတွေ
စာမေးပွဲတွင်းဆိုတော့ သူလည်းသူ့စာနဲ့သူ ကိုယ်လည်းကိုယ့်စာနဲ့ကိုယ် မျက်နှာတောင်မမြင်ရ
တွေ့လိုတွေ့ငြား ခြံထဲဆင်းကျက်ပေမဲ့လည်း အရိပ်အရောင်တောင်မတွေ့
ကျက်လက်စPharmaconosyဟာအုပ်ကိုရင်ဘတ်ပေါ်တင်ကာ သစ်သားခုံတန်းပေါ်လှဲချလိုက်သည်(Pharmaconosy-ပရဆေးဗေဒ၊အပင်တွေရဲ့ ဆေးဘက်ဆိုင်ရာအသုံးပြုမှုတွေကိုလေ့လာခြင်း)
ခပ်အုပ်အုပ်ဖြစ်နေတဲ့အပင်ကြောင့် နေရောင်စူးစူးက ကွက်တိကွက်ကြားသာဖြာကျသည်
ညာဘက်လက်ကိုခေါင်းအုံးပြီး ရှည်ထွက်နေတဲ့ခြေထောက်နှစ်ချောင်းကို ကွေးကာမရမကတင်တော့ လူကပြုတ်ကျတော့မတတ်
စားပွဲကိုအားပြုပြီး ဟန်ချက်ညီအောင်လုပ်လိုက်ရသည်
YOU ARE READING
Antidote(COMPLETED)
Romanceငယ်ငယ်လေးတုန်းက..ပညာရေးမှာပြိုင်ခဲ့ကြတယ်.....အရွယ်ရောက်တော့...နှလုံးသားချင်းပြိုင်ကြည့်ရအောင်......?? Cover by @byunasunapark00