Part-15 (Z and U)

6.6K 805 140
                                    

Zawgyi

ထမင်းစားဇွန်းကြီးနဲ့ ​ကော်​ဖီ​မွှေ​နေတဲ့သားငယ်​ကိုကြည့်​ကာသူမစိတ်​ရှုပ်​လာသည်

ဒီက​လေးဟာ ဘာ​တွေခံစား​နေရတယ်​ရယ်​မသိ ..တ​နေကုန်​စကားလည်း​သေချာမ​ပြောတဲ့အပြင်​ စိတ်​နဲ့ကိုယ်နဲ့​တောင်​သေချာကပ်​ရဲ့လားမသိ

မ​နေ့ညက မိုးအ​တော်​ချုပ်​မှပြန်​လာတဲ့Jun Myeonက ညစာစားဖို့​ခေါ်တာပင်​ဆင်းမလာပဲ အခန်း​အောင်း​နေသည်

စ​နေ​နေ့တစ်​ရက်​လုံးလည်း ဟို​ယောင်​​ယောင်​ ဒီ​ယောင်​​ယောင်​နဲ့

ပန်းပင်​​တွေ​ရေဆင်း​လောင်းခိုင်းတာကိုပဲ သရဲသဘက်​လို​ကြောက်​ပြီးအိမ်​ပြင်​မထွက်

နေ့လည်​ဘက်​ ​ဆန်​ကိတ်​လုပ်​စားတာမို့ Yixingအိမ်​သွားပို့ခိုင်း​တော့လည်း မျက်​​စောင်းကြီးထိုးပြီး အိမ်​​ပေါ်တဒုန်းဒုန်​​ခြေ​ဆောင့်​တက်​သွားတာ

ခုလည်း ဘာ​ကြောင့်​သည်​ရယ်​မသိ ည​နေ​လေးနာရီထိုးမှ အိမ်​​ပေါ်က​နေအိပ်​ချင်​မူးတူးဆင်းလာပြီ ​ကော်​ဖီ​ဖျော်​​သောက်​​နေပြန်​သည်

မျက်​နှာအမူရာကလည်းအမျိုးမျိုး...​တော်​ကြာမျက်​​မှောင်​ကြုတ်​သွားလိုက်​...ခဏ​နေ​ရင်​နှုတ်​ခမ်းကိုက်​လိုက်​...​နောက်​တစ်​ခါ ​ခေါင်းကဆံပင်​​တွေကိုဆွဲဖွာလိုက်​နဲ့အ​တော်​ပင်​မျက်​စိ​နောက်​စရာ​ကောင်း​နေပြီ

ဖ​အေဖြစ်​သူကလည်း ရုံးပိတ်​ရက်​ကိုအိမ်​မှာ​နေမယ်​မရှိဘူး ငယ်​​ပေါင်းကြီး​ဖော်​​တွေနဲ့စားပွဲ​သောက်​ပွဲသွား​နေ​လေ​တော့ သား​လေးအ​ဖော်​ပြု​နေမယ်​စဉ်းစားမိတဲ့သူမအတွက်​ အ​တော်​ကသိက​အောက်​နိုင်​လှသည်

"အား....ငန်​တာ"

အသံစူးစူးကမီးဖို​ချောင်​ဘက်​ကလာတာမို့ဖက်​လက်​စ စာအုပ်​ကိုချကာ​ပြေးကြည့်ရသည်

"ဘာဖြစ်​တာလည်းJun Myeon"

"​ကော်​ဖီကငန်​တယ်​ ​မေ​မေ"

ရှုံ့တွပြီး​ပြော​နေတဲ့Jun Myeon​ကြောင့်​ coffeeပန်းကန်​ကိုတစ်​ချက်​ကြည့်​လိုက်​​တော့

Antidote(COMPLETED)Where stories live. Discover now