Zawgyi
သင်ခန်းစာစာအုပ်တွေကိုအိတ်ထဲထည့်ကာ Duty Coatကိုအပြင်ထုတ်ထားလိုက်သည်
လွယ်အိတ်ကိုအမြန်လွယ်ပြီး Duty Coatကိုပုခုံးတစ်ဖက်ပေါ်တင်ကာ Practicalခန်းဆီသို့ပြေးဖို့ပြင်ရသည်
နာရီကိုကြည့်တော့ 5PM
ပေါက်စကောင်တို့အတန်းပြီးလောက်ပြီ
တစ တစတိုးတက်လာတဲ့ Yixingရဲ့Titration လုပ်ရည်ကိုင်ရည်တွေကို မြှင့်တင်ပေးနေတဲ့ဆရာပေါက်စလေး
မနက်ဖြန် ကျောင်းပိတ်ရက်ဆိုတော့ သောကြာနေ့ညနေတိုင်း သူ့ကိုသင်ပေးနေတဲ့Jun Myeonက Practicalတူတူလုပ်ပြီးမှ သူ့ဆိုင်ကယ်နဲ့တူတူပြန်လေ့မရှိ
သေရမှာအလွန်ကြောက်ရှာတဲ့ ဒင်းလေးကြောင့် လူကျပ်တဲ့Busကားကိုအတင်းတိုးစီးရတာလည်း.ဝါသနာလိုတောင်ဖြစ်နေခဲ့ပေါ့
Practicalခန်းရောက်တော့ အခန်းရှေ့က ကော်ရစ်တာမှာနံရံကိုမှီရပ်ရင်းစာအုပ်ဖတ်နေတဲ့Jun Myeon
အညိုရောင်သားရေလက်ပတ်ပြားအကြီးနဲ့နာရီလေးပတ်ထားတဲ့ ညာဘက်လက်က စာအုပ်ကြားခေါက်ရာကိုဖိကိုင်ထားတဲ့လက်ချောင်းတွေကိုအားပြုနေသည်
ဘယ်ဘက် လက်ချောင်းတွေက တဖက်ထဲသိုင်းလွယ်ထားတဲ့ ကျောပိုးလွယ်အိတ်ရဲ့ကိုင်းတွေကိုခပ်တင်းတင်းဖိဆုပ်ထားတာမို့ အကြောစိမ်းစိမ်းတွေကိုပါမြင်နေရသည်
ဘာရယ်စရာပါသည်ရယ်မသိပေမဲ့ စူးစူးစိုက်စိုက်ဖတ်နေတဲ့မျက်လုံးအိမ်တွေက နှစ်နှစ်လိုလိုပြုံးလိုက်တဲ့နှုတ်ခမ်းလွှာတွေနဲ့အတူတူမှိတ်ကျမတတ်ဖြစ်သွားတတ်သည်
သူ့ဟာသူရယ်နေရင်းနဲ့ရပ်နေတဲ့Yixingကိုမြင်မှစာအုပ်ကိုပိတ်ချပြီး
"လာလေ....ဘယ်ချိန်ရှိပြီလည်း..ဘာတွေငေးနေမှန်းလည်းမသိဘူး:"
ချက်ချင်း ဆူပုတ်ကာကလေးတစ်ယောက်လိုအမူအရာလေးလုပ်လိုက်တဲ့Jun Myeon
YOU ARE READING
Antidote(COMPLETED)
Romanceငယ်ငယ်လေးတုန်းက..ပညာရေးမှာပြိုင်ခဲ့ကြတယ်.....အရွယ်ရောက်တော့...နှလုံးသားချင်းပြိုင်ကြည့်ရအောင်......?? Cover by @byunasunapark00