Zawgyi
ဘတ်စကတ်ဘောကွင်းကနေ အပြေးပတ်လမ်းရှိရာ ဘောလုံးကွင်းဆီကူးသန်းနေကြတဲ့ကျောင်းသူကျောင်းသားတွေကြား အဖြူရောင်အားကစားဝတ်စုံလေးနဲ့ ဒူးဖုံးဘောင်းဘီလေးကိုဝတ်ဆင်ထားတဲ့Jun Myeon
လှုပ်ရှားနေတဲ့စိတ်ကြောင့် တွန်းထိုးတိုက်သွားတဲ့သူတွေကိုလည်း စိတ်မဆိုးနိုင်
ဖိဆုပ်ကိုင်ထားမိတဲ့ ရေသန့်ဘူးလေးဟာလက်ဝါးထဲမှာ ဆုပ်ကိုင်ထားလျက်သား
ရှုံးတာ နိုင်တာဆိုတာထက် ကိုယ်ပြိုင်ဆိုင်တဲ့ပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ခဲ့ချင်တာ
"Jun Myeon အသင့်လုပ်တော့နော် လက်ဆင့်ကမ်းပြေးပွဲပြီးရင် မင်းအလှည့်လာမှာ"
ပုခုံးကိုဆုပ်ကိုင်ပြီးပြောသွားတာ ဘယ်သူဘယ်ဝါရယ်လည်းမသိ ခေါင်းငြိမ့်ပြီး အဝတ်လဲခန်းဆီသာဦးတည်လိုက်သည်
ဖိုက်တင်းJun Myeonလေး
ငါကဘယ်သူမို့လည်း
တစ်မိုးအောက်က ခေသူမဟုတ်တဲ့Kim Jun Myeonပဲ😎
ငါအကောင်းဆုံးလုပ်နိုင်မှာ💪
Toilet ထဲကကြည့်မှန်ထဲကိုကြည့်ကာ အသံတိတ်အားပေးလိုက်သည်
လက်သီးလက်မောင်းတန်းပြီးအားယူလိုက်၏💪
ထို့နောက် အဝတ်လဲရန်လုပ်လိုက်တော့သည်
Lockerဖွင့်ပြီး တဘက်ကိုယူကာပုခုံးပေါ်တင်လိုက်သည်
ဆွဲယူလာတဲ့ရေသန့်ဘူးကိုမော့ကာ ရေကိုဝါးနေလိုက်သည်
ဒါဟာ Jun Myeonစိတ်လှုပ်ရှားရင်ဖြေရှင်းတဲ့နည်းလမ်းတစ်ခု
အကုန်လုံးက ကစားကွင်းထဲရောက်ကုန်ကြပြီမို့ အဝတ်လဲခန်းမှာတိတ်ဆိတ်နေသည်
Xiuminကလည်းကစားကွင်းဆီသွားနှင့်ပြီမို့ သူတစ်ယောက်ထဲသာ
Lockerကိုပြန်ပိတ်ကာသော့ခတ်နေတုန်းဘေးကရောက်လာတဲ့အရိပ်ကြောင့် ခြေထောက်က စကာကြည့်လိုက်မိသည်
YOU ARE READING
Antidote(COMPLETED)
Romanceငယ်ငယ်လေးတုန်းက..ပညာရေးမှာပြိုင်ခဲ့ကြတယ်.....အရွယ်ရောက်တော့...နှလုံးသားချင်းပြိုင်ကြည့်ရအောင်......?? Cover by @byunasunapark00