ကျေးဇူးတင်လွှာ❤❤ (Z and U)

4.4K 344 60
                                    

Zawgyi

April လမှာ Introလေးစတင်ခဲ့ပြီးတော့
Marchလမှာစပြီး ရေးခဲ့တဲ့ Antidoteလေးကတော့ ၉လ အကြာမှာ အဆုံးသတ်နိုင်ခဲ့ပါပြီ။

ကျွန်တော့ရဲ့ တတိယမြောက် ပြီးစီးတဲ့ ဇာတ်လမ်းလေးပေါ့။
Antidoteက စရေးကတည်းက ထင်မထားလောက်အောင် သဘောကျပေးကြတာမို့ Reader တွေနဲ့ ကိုယ်နဲ့ကြား ပိုပြီး ရင်းနှီးလာစေတဲ့ ကြိုးလေးလိုပါပဲ။

နောက်ပိုင်း Feedbackတွေသိပ်မပေးတော့တာ ဘာကြောင့်ရယ်မသိပေမဲ့ ခုချိန်ထိ သဘောကျနေပေးကြတာကို ကျေးဇူးအထူးတင်ပါတယ်။

Antidoteရေးရင် ရင်ခုန်ပါတယ်
ဟုတ်.....တကယ်ပြောတာပါ
လူငယ်နှစ်ယောက်ကြားက ရိုးရိုး အချစ်ဇာတ်လမ်းလေးပါပဲ
ငယ်ငယ်က စာတွေမှာ ပြိုင်ကြရင်း ချစ်မိသွားကြတဲ့ အကြောင်းပေါ့
အချစ်ဆိုတာထက် သံယောဇဉ်ပေါ့
သူတို့နှစ်ယောက်ကို ပုံဖော်ရင်း တကယ်ကို ကိုယ်မရဖူးတဲ့ Uni lifeကိုရနေသလို ခံစားရတယ်
ဒီFictionလေးမှာ ကိုယ် စိတ်အလေးခဲ့ဆုံးက ကိုယ်တက်နေတဲ့ ကျောင်းနာမည်ကိုယူသုံးခဲ့မိတာပါပဲ။😖
Pharmacyကို မသိကြတဲ့ သူတွေလည်း ဒီကနေတစ်ဆင့်သိသွားကြလို့ ဝမ်းသာသလို ၊ ကျောင်းမှာဆိုရင်တောင် ဒီFictionကိုဖတ်ဖြစ်တဲ့ အစ်မတွေ က လာနှူတ်ဆက်ကြလို့ တကယ်လည်းပျော်ပါတယ်။

Yixingရဲ့ ချစ်ပုံချစ်နည်းကို ရေးရတာ အတော်ခက်တယ်။ Jun Myeonကို ခပ်ဆတ်ဆတ် Styleရေးဖို့တွေ၊ နောက်ပြီး တချို့ဟာသလေးတွေ စွက်တဲ့အခါ တချို့ စကားလုံးတွေကို ရေးတဲ့အခါ အတော်လေးစဉ်းစားရပါတယ်။ဒါပေမဲ့လည်း Antidoteရေးနေတဲ့အချိန်ဆို ပျော်နေမိတာပါပဲ။

ဇာတ်သိမ်းပိုင်းကို ဆွဲယူလာရင်း နောက်ဆုံးနှုတ်ဆက်ခါနီးမှာ မျက်ရည်တောင်ဝဲတယ်။ ကိုယ့်ကလေးလေးတွေ အရွယ်ရောက်တာကို မြင်လိုက်ရသလိုမျိုးပေါ့။ အဟဲ....ကိုယ်လည်း အသက်ရလာတော့ ခံစားချက် က များလွန်းတယ်။(အမယ်..အမယ်)

တချို့စကားလုံးတွေက ခပ်ပါ့ပေါ့ဖြစ်စေခဲ့ရင်၊ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် အနူးညွတ် တောင်းပန်ပါတယ်။

တစ်ခါတစ်လေ...တအားဝမ်းနည်းရခါနီးမှ တိခနဲ ဖြတ်ချပြီး ဆန့်ငင်ဆန့်ငင်ရယ်ရမလို၊ ငိုရမလို ဖြစ်စေမိရင်လည်း တောင်းပန်ပါတယ်😂😂။ ကိုယ်က မခံစားနိုင်တဲ့သူကြီးဆိုတော့လေ။

Antidote(COMPLETED)Where stories live. Discover now