Zawgyi
ရည်းစားထားလို့ ရင်ခုန်ရတာဆိုတာဒါမျိုးထင်သည်။
ထမင်းစားရင်း မျက်လုံးချင်းဆုံမိတဲ့အခါ မျက်လုံးလွှဲချင်တာလိုလိုနဲ့ နောက်တော့လည်းခဏခဏအကြည့်ဆုံတာပါပဲ။
Zhang Yixingကထမင်းတစ်လုပ်စားပြီးတိုင်း တစ်ခါကြည့်နေတတ်သလားမှတ်ရတယ်။ လာ လာပြီးပြုံးပြနေတာများ။
မျက်နှာချင်းဆိုင်ကနေ ဟင်းထည့်ပေးတတ်သလို သောက်ရေခွက်ထဲပါရေထည့်ပေးထားသည်။ မေမေတို့ကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ မျက်ခြေမပြတ်ကြည့်နေကြတာမို့ နေရင်းထိုင်ရင်း သူခိုးတွေလိုခိုးခိုးကြည့်နေရသည်။
"သားတို့ဆော့ကြအုန်းမှာလား ညနေဘက်ဟိုဘက်နားကရေတံခွန်သွားကြလေ။Daddyတို့က ဘုန်းတော်ကြီးကျောင်းဘက်သွားမှာမို့" Daddyကအကြံပေးသည်။
စဉ်းစားကြည့်တော့ အစီစဉ်ကအလွန်ကောင်းသောပါပဲ။
Zhang Yixingနဲ့နှစ်ယောက်အချိန်ပတာပေါ့...ဟီး.။တွေးပြီးမှ မျက်နှာတောင်ပူလာသည်။
"ဟုတ်Daddyသားလည်းပျင်းနေတာ ရေတံခွန်ဘက်သွားကြည့်လိုက်မယ်...နော်"
မေမေနဲ့ အန်တီက ရယ်ချင်ပက်ကျိရုပ်ကြီးတွေဖြစ်နေပြီး မိမိရည်စားတရုတ်ကောင်ကတော့ အူမြူးနေတဲ့ရုပ်နဲ့ Jun Myeonသဘောကျတဲ့ပါးချိုင့်တွေကိုအသားပေးကာပြုံးနေတော့တာပဲ။
ဒါနဲ့နေပါအုန်း သူတို့နှစ်ယောက်ထဲ ဘာလုပ်ရပါ့။ ချစ်စခင်စကာလဆိုတော့ ဘာလုပ်လုပ်ကိုရှက်ချင်တာပဲ။အရင်က ဘုတောတောခဲ့ပေမဲ့ ခုလောလောဆယ်က Zhang Yixingမျက်နှာမြင်ရင်ကိုပဲ ရင်ဘတ်ထဲလိပ်ပြာတွေကုလားဘုရားလှည့်နေတတ်ကြတာ။
ရည်စားလေးထားရတာလည်း.....ရင်ဘတ်ထဲဟယ်လီကော်ပတာထည့်ထားရသလိုပဲ....အသည်းအေးတယ်...အသည်းအေးတယ်။
.............................................................
ထမင်းစားပြီး နေ့ခင်းဘက်ပူတာကြောင့်Tankတွေထဲမှာပဲနေနေကြရသည်။
![](https://img.wattpad.com/cover/142738333-288-k306044.jpg)
YOU ARE READING
Antidote(COMPLETED)
Romanceငယ်ငယ်လေးတုန်းက..ပညာရေးမှာပြိုင်ခဲ့ကြတယ်.....အရွယ်ရောက်တော့...နှလုံးသားချင်းပြိုင်ကြည့်ရအောင်......?? Cover by @byunasunapark00