>>2<<

1.8K 177 13
                                    


ခရစ်​နှစ်​ ...၂၀၁၈ ခုနှစ်​...
@Seoul , South Korea

>>>>>>>>>>>><<<<<<<<<<<

အဆုပ်​လိုက်​အဆုပ်​လိုက်
စု​ဝေး​နေတဲ့ တိမ်​ဖြူဖြူ​တွေ...

ပွေ့ဖက်​လိုက်​ရရင်
အိစက်​​နေမယ့်​ သဏ္ဍာန်​​ဆောင်​​နေတဲ့
အဲ့ဒီ တိမ်​ဖြူဖြူ​လေး​တွေက သိပ်​ကိုလှတယ်​..

ထိ​တွေ့ချင်​တယ်​.. ကိုင်​တွယ်​ချင်​တယ်​..
ပွေ့ဖက်​ချင်​တယ်​...
ပိုင်​ဆိုင်​မှုတစ်​ခုအဖြစ်​ အနားမှာ သိမ်းထားပစ်​ချင်​တယ်​...

ဒီစိတ်​နဲ့ပဲ..
ကိုယ်​ဟာ ဖြူလွလွတိမ်​တို့ရှိရာဆီ
ရောက်​​အောင်​သွားခဲ့တယ်​...

အံ့သြစရာ​ကောင်းလွန်းစွာပဲ...

အ​ဝေးက​နေလှမ်း​မျှော်​ကြည့်​တဲ့အချိန်​မှာ
အဆုပ်​လိုက်​အခဲလိုက်​ လှပဖြူဆွတ်​​နေတဲ့
တိမ်​တိုက်​က​လေး​တွေဟာ...

တကယ်​တမ်း​တော့ ....

သာမာန်​​လေထုတစ်​ခုလိုပဲ..

သူရှိရာအရပ်​ဆီ ​ရောက်​​အောင်​သွားနိုင်​ခဲ့​ပေမယ့်​..
လက်​ဝယ်​ရရှိ​အောင်​​တော့ မစွမ်း​ဆောင်​နိုင်​ခဲ့ဘူး....

အ​ဝေးကလှမ်းကြည့်​ရင်​ ဒြပ်​ထုရှိသ​ယောင်​ထင်​ရ​ပေမယ့်
တကယ်​တမ်း ဘာမှရှိမ​နေတဲ့..
ဒီမိုးတိမ်​တိုက်​​​တွေဟာ..

လှည့်​စားတတ်​တဲ့သဘာဝမှ ​မွေ့​ပျော်​ကြတဲ့ပုံပါလား​....

အဖြူ​ရောင်​တိုင်းကလည်း..
တကယ်​တမ်း​တော့ မဖြူစင်​ကြလား​နော်​...

ဒီလိုဆိုရင်​..

ကိုယ့်​အဖြူ​ရောင်​​လေးက​ကော ?

ကိုယ့်​အဖြူ​ရောင်​လိပ်​ပြာငယ်​​လေးက​ကော...
ဒြပ်​ထုရှိသလား​လေ.....

တိမ်​က​လေး​တွေလို..
အ​ယောင်​ပြ. လှည့်​စားမှုသက်​သက်​သာ
ဖြစ်​​နေ​လေသလား​လေ...

>>>>>>အကယ်​၍သာ <<<<<<<

''Xiao Han.... ''

''Xiao Han.... ''

''Xiao Han.... ''

ထိုစာလုံးနှစ်​လုံးတည်းကိုသာ
စာအုပ်​ထဲချ​ရေး​နေမိသည်​မှာ.. ဘယ်​နှကြိမ်​​မြောက်​မှန်းပင်​မသိ​တော့.....

အကယ်​၍သာ... Where stories live. Discover now