>>9<<

923 126 2
                                    

''Luhan .. မင်းအခုဘယ်​သူနဲ့ ​နေတာလဲ.. ''

ကျောင်းcanteen​လေးမှာပင်​ မျက်​နှာချင်းဆိုင်
နေ့လည်​စာစား​နေရင်း
မေးလာ​သော Sehun၏ အ​မေးကို
ပြန်​မ​ဖြေခင်
Sehun ၏ မျက်​နှာကိုမျက်​လုံး​လေးလှန်​ကာ
ဖျတ်​ ခနဲ ​မော့ကြည့်​လိုက်​ပြီး
ရေတစ်​ငုံ​သောက်​လိုက်​​သော Luhan..

''ကျွန်​​တော်​ ​ပြောပြီးပါပ​ကော..
လက်​ရှိမှာ ကျွန်​​တော်​က တစ်​​ကောင်​ကြွက်​ပါဆို.. ''

မပီပြင်​​သောအပြုံး​လေးတစ်​ခုကို ဆင်​မြန်းရင်း
ဖြေလိုက်​ကာ
ထမင်းတစ်​လုပ်​​ပေါ် အသားတုံး​လေးတင်​ပြီး
ခပ်​မြန်​မြန်​ပင်​ ပါးစပ်​ထဲ ထည့်​လိုက်​သည်​....

Sehunက သူ့ကို​ ၂စက္ကန့်​​လောက်​စိုက်​ကြည့်​​နေပြီးမှ
မျက်​ခုံး​လေးပင့်​ကာ ​ခေါင်းတဆတ်​ဆတ်​ငြိမ့်​လိုက်​သည်​ကို
ထမင်းငုံ့စား​နေရင်းကပင်
မျက်​လုံး​ထောင့်​က​နေ မြင်​လိုက်​ရပါသည်​...

''Luhan ah.. မင်းနဲ့ ကိုယ့်​ကြားမှာ ပုံမှန်​မဟုတ်​တဲ့ ဆက်​သွယ်​မှုတစ်​ခုခုရှိ​နေတယ်​လို့ မထင်​ဘူးလား... ''

သူ့စကား​ကြောင့်
ဝါးလက်​စ ထမင်းလုတ်​က ပါး​စောင်​ထဲတွင်​ရပ်​တန့်​သွားသလို
မျက်​ခုံးနှစ်​ခုကလည်း အလိုလို​ကွေးညွှတ်​မိလျက်​သား ဖြစ်​သွားရသည်​....

သူလည်း ဒီလို​တွေးသလား...

''Hyung လည်း အဲ့လိုထင်​တာလား...
ကျွန်​​တော်​တစ်​​ယောက်​ပဲ​တွေးတယ်​ထင်​​နေတာ... အင်း.. တစ်​ခုခုပဲ.. ဘာလဲ​တော့မသိဘူး.. ''

ထိုစဉ်​ waiter ​လေး​ရောက်​လာကာ
မှာထား​သော Cola ပုလင်းများကို လာချ​ပေးသွား​သော​ကြောင့်
စက္ကန့်​ပိုင်းမျှတိတ်​ဆိတ်​သွားကြသည်​...

ချ​ပေးလာ​သော colaပုလင်းနှစ်​လုံး လုံးက
သူ့ဘက်​ခြမ်းမှာ ဖြစ်​​နေ​သော​ကြောင့်
လက်​ကိုဆန့်​တန်းကာ တစ်​ပုလင်းယူရန်​ပြင်​လိုက်​သည်​...

သူ့လက်​ ပုလင်းနား​ရောက်​ခါနီးဆဲဆဲ
ဖြတ်​ခနဲဆွဲယူခံလိုက်​ရ​သော​ကြောင့်
လန့်​သွားကာ အာ​မေဋိတ်​အသံ​လေးပင်​ ထွက်​သွားရသည်​...

အကယ်​၍သာ... Where stories live. Discover now