>>1<<

2.5K 193 11
                                    


''ချစ်​တယ်​... ''

''မချစ်​ဘူး..ဒါ​ပေမယ့်​  မင်းဘက်​ကဆန္ဒရှိမယ်​ဆိုရင်​​တော့..........ငါတို့တွဲကြမယ်​ ''

>>>>>>>>အကယ်​၍သာ....<<<<<<<

''​သေဆုံးချိန်​ ..... 3:37 AM... December 13.. Friday... ''

''မလုပ်​ပါနဲ့.. မဖြစ်​ဘူး​လေ.. မဖြစ်​ရဘူး​လေကွာ.. ​ကျေးဇူးပြုပြီး..  အချစ်​ရယ်​........ ''

အသက်​မဲ့​နေခဲ့ပြီး​သော ...
သွေးခုန်​နှုန်းတို့ရပ်​တန့်​သွားပြီဖြစ်​​သော..
ဖြူ​ဖျော့​ဖျော့ ​ကောင်​​လေး၏ လက်​ဖဝါးနုနုအား
တင်းကျပ်​စွာဆုပ်​ကိုင်​ကာ...
ရင်​​တွေကွဲလုမတတ်​ သည်းထန်​စွာ​ငို​ကျွေး​နေတဲ့ ​ကောင်​​လေး၏သဏ္ဍာန်​ ...

..နှင့်​....

လောကဓာတ်​တစ်​ခုလုံး ဖုံးလွှမ်းလုမတတ်​..
သိပ်​သိပ်​သည်းသည်းကျဆင်း​နေ​သော
နှင်းမှုန်​​များကလွဲရင်​...

ပတ်​ဝန်းကျင်​တစ်​ခွင်​လုံးသည်​...
သူ့​နေရာနှင့်​သူ... တိတ်​ဆိတ်​စွာ..
ြိငိမ်​သက်​လွန်းစွာဖြင့်​...

ထိုတိတ်​ဆိတ်​​နေခြင်းကပင်​လျှင်​...
ကောင်​ငယ်​​လေး၏ ငို​ကြွေးခြင်းကို
ပိုမိုအားသန်​လာ​အောင်​ ပံ့ပိုး​ပေး​နေသ​ယောင်​....

°
°
°
°
°
°
°
°
°
°

''​အေးတယ်​မလား.... ''

လက်​ထဲအဆင်​သင့်​ကိုင်​လာ​သော ထီးဖြူဖြူ​လေးကို ​ချစ်​ရသူ၏ အုတ်​ဂူ​လေးထက်​ မိုး​ပေးရင်း
တိုးသွဲ့စွာ.. ​မေးမိသည်​...

အုတ်​ဂူဖြူဖြူ​လေး​ပေါ်က နှင်းရည်​စက်​​လေး​တွေကို လက်​နဲ့ပွတ်​သပ်​လိုက်​​တော့ ခပ်​​အေး​အေး
အထိအ​တွေ့ကို လက်​ဖဝါးပြင်​က လက်​ခံရရှိသည်​...

နှင်းရည်​စက်​တို့ ငြိတွယ်​​နေပါ​သော
လက်​ကို.. ပါးပြင်​​ပေါ်ထိကပ်​​စေ​တော့
လက်​ဖဝါးပြင်​က အထိအ​တွေ့နှင့်​ လားလားမှမသက်​ဆိုင်​စွာ..
အ​သွေးအသားထဲထိ ဝင်​​ရောက်​လာ​သော ​အေးစိမ့်​မှုက နှလုံးသားတွင်းထိတိုင်​ ရိုက်​ခတ်​လာသည်​....

''ဒီ​နေရာမှာ ရက်​သတ္တပတ်​ ၁ ပတ်​​တောင်​​နေ​နေရတာ.. အထီးကျန်​မှာ​ပေါ့...
စိတ်​မပူပါနဲ့...
မင်းမချစ်​တဲ့ငါက... ထုံးစံအတိုင်း မင်းမပျင်း​စေဖို့.. မင်း​လေး​ဘေးမှာ အ​ဖော်​ပြု​ပေးဖို့အတွက်​.. မကြာခင်​ မင်းအနားကိုလာခဲ့​တော့မှာမို့....
ခဏ​လောက်​ပဲဖြစ်​ဖြစ်​ ထပ်​​စောင့်​​ပေး​နော်​..
အချစ်​...''

ပါးပြင်​​ပေါ် လိမ့်​ဆင်းလာ​သော ခပ်​​နွေး​နွေး​ရေစီး​ကြောင်း​လေး​တွေကို
မသုတ်​ပစ်​ပဲ.. ဒီအတိုင်း​လေးသာ စီးကျ​နေ​စေလိုက်​​တော့သည်​....

''​သေချာတာက​တော့...
အပျင်း​ဖြေ​ပေးမယ့်​ ငါ.. မင်း​ဘေးမှာမရှိ​တော့တဲ့အတွက်​.. မင်းအရမ်းကို... ပျင်း​နေမှာပဲ​နော်​..
အဲ့ဒါ​ကြောင့်​​လေ.. ငါဆုံးဖြတ်​ထားပြီးပြီ..
စောင့်​​နေ​နော်​... ''

ခပ်​ပါးပါးအပြုံး​လေးကို ဆင်​မြန်းလိုက်​ပြီး
အုတ်​ဂူ​လေးကို ​နောက်​ဆုံးအ​နေနဲ့ တစ်​ချက်​ကြည့်​လိုက်​သည်​...

ချာကနဲ.. လှည့်​ထွက်​သွားတဲ့ တစ်​စုံတစ်​​ယောက်​ရဲ့.. ​နောက်​​ကျောပြင်​နားက အုတ်​ဂူဖြူဖြူ​လေး​ပေါ်မှာ​တော့
ထီးအဖြူလှလှ​လေးက ကျကျနန​နေရာယူလို့..........

>>>>>>>>><<<<<<<<<<<

မျက်​နှာသာမက.. တစ်​ကိုယ်​လုံးကို ခပ်​ကြမ်းကြမ်းတိုက်​ခတ်​​နေ​သော ​လေ၏ အရသာကို မျက်​စိမှိတ်​ကာ အားရပါးရခံစား​နေလိုက်​သည်​...

အဆင်​​ပြေသွားမှာပါ... ခဏပဲ...

အထပ်​ ၃၀ ဆိုတဲ့ အမြင့်​က​ပေးတဲ့ ခံစားမှုက
ဒိ​လောက်​ထိ လွတ်​လပ်​​ပေါ့ပါး​စေမယ်​လို့ မထင်​ခဲ့မိဘူး...

ဒီလိုမှန်းသိရင်​...
အ​စောကြီးထဲက သူ့​နောက်​လိုက်​ခဲ့ပါတယ်​...

မကြာခင်​... ​တွေ့ရ​တော့မယ်​...

လှောင်​ပြုံးတစ်​ခုနဲ့အတူ.. ''မင်း ​တော်​တယ်​.. ''
လို့ ​ပြောမယ့်​ သူ့စကားသံချိုချိုကို
ကြားရ​တော့မယ်​..

ကိုယ့်​ကမ္ဘာ​လေး ပြန်​လင်းလက်​လာ​တော့မယ်​...

ခပ်​ကြမ်းကြမ်း .. အထိအ​တွေ့တစ်​ခုနဲ့အတူ..
ရုတ်​ချည်းပူတက်​လာ​သော ခန္ဓာကိုယ်​...

အိုး... December ​ရေ...

မင်းရဲ့.. အ​အေးဓာတ်​က အထပ်​သုံးဆယ်​ကို​တော့ .. အံမတုနိုင်​ဘူးထင်​ပါ့...

ပူလိုက်​တာ​နော်​...

ဟော... အသံ​တွေကြားရတယ်​... ဆူညံလိုက်​တာ....

ကျွန်​​တော်​သိ​နေတယ်​.. မကြာခင်​.. ကျွန်​​တော်​လွတ်​​မြောက်​​တော့မယ်​..

သူနဲ့​တွေ့ရ​တော့မယ်​...

အကယ်​၍သာ...
နောင်​ဘဝမှာ.. ပြန်​​တွေ့ဖြစ်​ခဲ့ရင်​....

ကိုယ့်​ကို နည်းနည်း​လောက်​ချစ်​​ပေး​နော်​....

နည်းနည်း​လေးပဲဖြစ်​ဖြစ်​..
ကိုယ်​​ကျေနပ်​ပါတယ်​.. Xiao Han......

>>>>>> အကယ်​၍သာ...<<<<<

Hello..... 😍
7th May, 2018
Monday
2:17

အကယ်​၍သာ... Where stories live. Discover now