''Yayyy.. လွတ်လပ်ပြီကွ.... ''
အတန်းတင်စာမေးပွဲကြီး၏နောက်ဆုံးရက်ကို
အောင်မြင်စွာဖြတ်သန်းလိုက်နိုင်သည့်အလျောက်
ကျောင်းသားတို့၏ထုံးစံအတိုင်းပင်
ပျော်ရွှင်စွာ ထအော်မိသည့် Luhan .....''အူးဝါး.... နောက်ဆုံးတော့ပြီးသွားပြီ... ''
လက်နှစ်ဖက်ကို မိုးပေါ်မြှောက်ရင်း
အပျင်းကြောဆန့်ကာ ပြောလာသည့်
Baekhyunကို ကြည့်ပြီး
Luhan စိတ်လိုလက်ရ ပြုံးလိုက်သည်....''ဒါနဲ့ ဒီကျောင်းပိတ်ရက်အတွင်း
ဘာလုပ်မယ်စိတ်ကူးလဲ.. ''ဘေးနားချထားသော ရေခဲမုန့်ဘူးထဲမှ
ရေခဲမုန့်တစ်ဇွန်းကို ခပ်စားရင်း
မေးလာတဲ့ Baekhyunမေးခွန်းကိုမဖြေမီ
Luhan စက္ကန့်အနည်းငယ်လောက်
စဉ်းစားလိုက်သည်...ဘာလုပ်ရပါ့....
''Luhan...အာ.. Baekhyunရောရှိနေတာပဲ... ''
အတွေးကိုဖြတ်တောက်လိုက်တဲ့
အသံသြရှရှလေး.....ကျောင်းပိတ်ရက်အစီအစဉ်ကို
အသည်းအသန်တွေးနေရသော Luhanသည်
ဤသြရှရှအသံပိုင်ရှင်ကိုတော့ဖြင့်
တွေးစရာမလိုပါဘဲနှင့်ကို
တန်း သိလိုက်သည်...''Sehun Hyung... လာ..ထိုင်... ''
သူ့ဘေးနားက နေရာလွတ်ကို ပုတ်ပြပြီး
သွားလေးတွေပေါ်အောင်ထိရယ်ပြလိုက်တော့
Sehun က ခပ်ဖွဖွပြုံးရင်း
သူ့နားလာထိုင်သည်....ရုတ်တရက်နွေးထွေးသွားသော လေထုကို
ခံစားလိုက်ရသော်လည်း
ထွေထွေထူးထူး သူမတွေးမိလိုက်...ရာသီဥတုအပြောင်းအလဲ
အနည်းငယ်ဖြစ်သွားတာနေမှာပါလေ...''ဖြေနိုင်ကြတယ်မဟုတ်လား... ''
''ဒါပေါ့... Roll 1ယူမှာ... ''
ခပ်နောက်နောက်ပြောလာတဲ့ Baekhyun
ကိုကြည့်ပြီး Sehun Hyung ကရယ်သည်....ထိုအခိုက်
လေထုသည် ထပ်မံနွေးထွေးသွားရပြန်သည်...

KAMU SEDANG MEMBACA
အကယ်၍သာ...
Fiksi Penggemarအကယ်၍သာ... နောင်ဘဝဆိုတာရှိခဲ့ရင်..... အကယ်၍သာ... မင်းကိုပြန်ရှာတွေ့ခဲ့ရင်....... အကယ်၍သာ... နောက်တစ်ကြိမ် ထပ်ချစ်မိခဲ့ရင်..... ငါ့ကိုနည်းနည်းလေးလောက်တော့ ပြန်ချစ်ပေးနိုင်မလား.... EaintPhyu7's 6th creation😍 💥cover is cre...