Finally , I caught you....>>>>>>>>အကယ်၍သာ <<<<<
လွတ်နေသော အခြားလက်တစ်ဖက်ဖြင့်
လွယ်အိတ်ထဲက စာအုပ်ကို ထုတ်လိုက်သည်..ပထမဆုံးစာမျက်နှာကနေ တစ်ရွက်ချင်းစီလှန်လိုက်ရင်း
သူ့မျက်နှာကို အကဲခတ်ကြည့်လိုက်တော့
မျက်လုံးလေးပြူးကာ ကြောင်ကြည့်နေတာကို
တွေ့လိုက်ရသည်..''ဒါ.. ဒါတွေက... ''
.........
''Sehun.. ကျွန်တော့်ကို အရင်ကတည်းကသိနေတာလား ''
မျက်လုံးလေးပြူးရင်း မေးလာသောသူ...
သေချာကြည့်မှ..
ဘယ်လိုတောင်လှရက်လွန်းတဲ့ မျက်ဝန်းတွေလဲလေ...''မဟုတ်ဘူး.. ကိုယ်မင်းကိုဒီနေ့မှပထမဆုံး
အကြိမ်မြင်ဖူးတာ... ''''ဒါဆိုရင်.. ဒါတွေကဘာတွေလဲ..
သေချာတာကတော့.. ကျွန်တော့်ပုံတွေမဟုတ်လား... ''စာရွက်တွေကို ဟိုဘက်လှန်လိုက် ဒီဘက်လှန်လိုက်ဖြင့် အလုပ်ရှုပ်နေတဲ့သူက
လက်ရှိအခြေအနေကို
နားမလည်နိုင်တဲ့ပုံဖြင့်
မျက်မှောင်ကျုံ့ထားသည်...''ထူးဆန်းတယ်... Sehun Hyung..
Arr.. စီနီယာ လို့မခေါ်ဘဲ Sehun Hyungလို့ပဲခေါ်လို့ရတယ်မလား.. ''ပြုံးပြုံးလေးမေးလာတဲ့ Baekhyun ကို
ခေါင်းညိမ့်၍သာ အဖြေပေးလိုက်သည်....စကားဝိုင်းကခေတ္တမျှတိတ်ဆိတ်သွားသည်...
ကိုယ်ဒါကိုဘယ်လိုရှင်းပြရပါ့မလဲ..
အိပ်မက်ယောင်ကာ ထဆွဲဖြစ်ခဲ့တဲ့
ဒိပုံတွေရဲ့အကြောင်း...ပန်းချီကားချပ်တွေထဲက လူဟာ..
Luhan မဟုတ်ဘဲ Xiao Hanသာဖြစ်တယ် ဆိုတဲ့အကြောင်း...အရာအားလုံးကိုသာ
အမှန်အတိုင်းပြောလိုက်ရင်
ရူးနေတယ်လို့များ သတ်မှတ်ခံလိုက်ရမလားပဲ..''Ahhh... Lu..Luhan...
ဟိုနေ့က မင်းငါ့ကိုပြောတဲ့ကိစ္စ..
Sehun Hyungကိုပြောလိုက်ပါလား... ''

ВЫ ЧИТАЕТЕ
အကယ်၍သာ...
Фанфикအကယ်၍သာ... နောင်ဘဝဆိုတာရှိခဲ့ရင်..... အကယ်၍သာ... မင်းကိုပြန်ရှာတွေ့ခဲ့ရင်....... အကယ်၍သာ... နောက်တစ်ကြိမ် ထပ်ချစ်မိခဲ့ရင်..... ငါ့ကိုနည်းနည်းလေးလောက်တော့ ပြန်ချစ်ပေးနိုင်မလား.... EaintPhyu7's 6th creation😍 💥cover is cre...