''Baekhyun.. ''''အင်း... ''
တိုင်ပင်စရာရှိတယ် .. ကျောင်းစောစောလာခဲ့ဟု မှာထား၍ မနက်အစောကြီး ရောက်ချလာသော သကောင့်သားလေးအား
ချစ်လွန်းလို့ ဖက်နမ်းပစ်ချင်စိတ်တောင်ပေါက်သည်....လိမ္မာလိုက်တာ သူငယ်ချင်းလေး...
''Shixun လေ... သိတယ်မလား... ''
''အင်းလေ.. မင်းအိပ်မက်ထဲခဏခဏပါနေတဲ့ လူမဟုတ်လား... ''
စားပွဲထိုးကောင်လေး လာချပေးသွားသော
ပေါက်စီကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ
ပါးစပ်ထဲထိုးသွပ်နေရင်းမှ ပလုပ်ပလောင်းပြန်ဖြေလာသည်..''Oh Sehun နဲ့ Shixun က တစ်ပုံစံတည်းပဲ..
ချွတ်စွပ်... ''''ဘာရယ်... ''
အံ့သြသွားသည့်ပုံနဲ့ မျက်လုံးတွေပြူးလာသော Baekhyun..
ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို
ပါးစပ်ထဲက ဝါးလက်စပေါက်စီတွေတော့
ပြန်ထွက်မလာ...အဲ့အစား.. ပေါက်စီတွေအကုန်
သူ့လည်ချောင်းမှတစ်ဆင့် ဗိုက်ထဲ
တန်းဝင်သွားသည်..ဂလု ခနဲတောင်မြည်လိုက်သေး..
''ကျစ်.. နေပါဦး..
မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လား..''စားပွဲပေါ်က
ကျွန်တော်သောက်လက်စ
Americano ဗူးကိုယူကာ
သောက်သော Baekhyun..တဆိတ်...
ကျွန်တော် နည်းနည်းတော့ သောက်မြင်ကတ်လာပြီ...''သေချာတယ်.. သူပဲ.. မဟုတ်သေးဘူး..
သူနဲ့တစ်ပုံစံတည်းပဲ... နေဦး.. မင်းဒီတစ်သက်စားသောက်လို့ပြီးဦးမှာလား.. ''အတည်ပေါက်နဲ့
ပိတ်ဟောက်လိုက်မှ.. မပွင့်တဲ့မျက်လုံးတွေပိတ်သွားတဲ့ထိ
သွားဖြီးကာ ရယ်ပြလာသည်...ငါ့ကိုများ Aegyoတွေနဲ့ လာဖားနေတာ..
သူ့ရည်းစား Chanyeol များထင်နေလားမသိ..
အံ့ပါရဲ့...''နောက်ပြီး.. ငါသူ့ကိုမြင်လိုက်တိုင်း
ရင်ထဲတမျိုးကြီးပဲကွ... ဘယ်လိုကြီးလဲတော့မပြောတတ်ဘူး.. တစ်ခါမှမခံစားဖူးဘူး..
လေဟာနယ်ထဲရောက်သွားသလိုမျိုးကြီး... ''

VOUS LISEZ
အကယ်၍သာ...
Fanfictionအကယ်၍သာ... နောင်ဘဝဆိုတာရှိခဲ့ရင်..... အကယ်၍သာ... မင်းကိုပြန်ရှာတွေ့ခဲ့ရင်....... အကယ်၍သာ... နောက်တစ်ကြိမ် ထပ်ချစ်မိခဲ့ရင်..... ငါ့ကိုနည်းနည်းလေးလောက်တော့ ပြန်ချစ်ပေးနိုင်မလား.... EaintPhyu7's 6th creation😍 💥cover is cre...