>>8<<

935 139 15
                                    


''Shixun.... ''

ကောင်းကင်​ပြာပြာ​အား ​ငေး​နေရင်း
သူစကားစသည်​...

''အင်း~ ''

''မင်းက ...
ငါ့အပိုင်​​နော်​..... ''

သူသိနှင့်​​နေပြီးသား ပိုင်​ဆိုင်​မှုတစ်​ရပ်​ကို
အတည်​ပြုလို သလို ပြန်​​မေး​နေ​ပြန်​သည်​....

သူကိုယ့်​ကို ရာနှုန်းပြည့်​မယုံ​သေးဘူးလား...

ချစ်​သည်​... ဟု ဆိုခဲ့သည့်​ အချိန်​ကတည်းကပင်
ကျွန်​​တော်​ဆို​သော လူသားဟာ.. ​တောက်​​လျှောက်​..
သူ့စိတ်​နဲ့ ကိုယ့်​ခန္ဓာတွဲလျက်​ ရှင်​သန်​​နေထိုင်​ခဲ့သည်​မှာ ယ​နေ့အထိပင်​လျှင်​ မဟုတ်​ပါလား...

''​သေချာတာ​ပေါ့ ကိုယ့်​အသက်​ရယ်​... ''

ကိုယ့်​အ​ဖြေအ​ပေါ်
ကျေနပ်​သွားဟန်​ဖြင့်​ အားပါးတရပြုံးလာ​သော
သူ့နှုတ်​ခမ်းပါးတို့ကို
သူမသိ​အောင်​ ခိုး​ငေး​နေမိသည်​....

ထို့​နောက်​....
အပြုံးတို့ကို ရုတ်​သိမ်းကာ ..
မူလအတိုင်းပင်​ ​ကောင်းကင်​ကျယ်​ကို
ငေး​မော​နေပြန်​သည်​....

''ငါက​တော့​လေ....
မင်းအပိုင်​ မဖြစ်​ချင်​ဘူး shixun ရယ်​... ''

ကိုယ်​ မွန်းကျပ်​စွာ ပြုံးမိသည်​ထင်​၏..

သူဟာ.. သိပ်​ကိုပွင့်​လင်းလွန်း​နေသည်​...

ရှေ့​နောက်​မကြည့်​..
တစ်​ဖက်​လူခံစားချက်​ကို အ​ရေးမထားဘဲ
စိတ်​ထဲရှိရာ ပွင့်​ပွင့်​လင်းလင်း ​ပြောတတ်​လွန်းသည့်​ သူ့ကို
တစ်​ခါတစ်​​လေကျရင်​ ခပ်​ဆတ်​ဆတ်​က​လေး
ရိုက်​ပစ်​ချင်​သည်​.....

''ကိုယ်​က မင်းအပိုင်​... ဒါ​ပေမယ့်
မင်းက​တော့ ကိုယ့်​အပိုင်​မဟုတ်​ဘူး..
အဟင်း.. ကိုယ်​နားလည်​တာ​ပေါ့ က​လေးရာ... ''

မျက်​နှာလွှဲလိုစိတ်​ဖြင့်​ ​ခေါင်းကိုငုံ့ချကာ
လက်​ဖဝါးနှစ်​ဖက်​ကို တင်းတင်းဆုပ်​ထားမိသည်​...

အဆင်​​ပြေပါတယ်​...
ဒါကိုယ့်​​ရွေးချယ်​မှုပဲ....

''ငါ​စိတ်​မ​ကောင်းပါဘူး Shixun...
ဒါ​ပေမယ့်​လည်း မင်းကိုချစ်​နိုင်​ဖို့် ငါကြိုးစား​နေပါတယ်​..... ''

အကယ်​၍သာ... Место, где живут истории. Откройте их для себя