''ကိုယ်ကလေ.. မင်းကိုအသက်ထက်ပိုချစ်တာ ''''အင်း.. ငါသိပါတယ်.. ''
လေတဖြူးဖြူးတိုက်နေတဲ့ ဝရံတာလေးကနေ
ချစ်ရသူကို ရင်ခွင်ထဲထည့်ပြီး
လေနုအေးရဲ့အရသာကို
ခံစားနေရခြင်းက ဘယ်လိုသာယာမှုမျိုးပါလိမ့်နော်...လှိုက်မောစွာခုန်နေသော ကိုယ့်ရင်ခုန်သံတွေနဲ့
ဆန့်ကျင်စွာ..
ရင်ခွင်ထဲက ကောင်လေးရဲ့
ရင်ခုန်နှုန်းတွေကတော့
ပကတိ ငြိမ်သက်နေမယ်ဆိုတာ ..
မေးမကြည့်လည်း သေချာနေပြီးသားဆိုပေမယ့်..ကိုယ်ကျေနပ်ပါတယ်လေ...
အနည်းဆုံးတော့
အနားမှာ ထားထားခွင့်
ပွေ့ဖက်ခွင့်လေး ရနေသေးတာပဲမဟုတ်လား...''Shixun.. ''
တိုးတိုးလျလျခေါ်သံလေးကို
''အင်း ''ဟုသာပြန်တုံ့ပြန်ရင်း
သူ့ကိုယ်လေးကို ပိုထွေးပွေ့ထားလိုက်သည်..''မပင်ပန်းဘူးလား...
မင်းကို မချစ်ပါဘူးရယ်လို့ ပွင့်ပွင့်လင်းလင်း
ပြောထားတဲ့လူတစ်ယောက်ကိုချစ်ရတာလေ.. ''ကြားလိုက်ရတဲ့ မေးခွန်းလေးရဲ့အဆုံး
နောက်ကနေသိုင်းဖက်ထားရင်းမှ
သူ့ပုခုံးပေါ်မေးတင်ကာ
မျက်ဝန်းတို့ကို မှိတ်ချပြီး ခပ်သာသာပြုံးလိုက်သည်...မိုးနံ့တို့ကို သယ်ဆောင်လာတဲ့
လေတို့က သူ့ခန္ဓာကို ဖြတ်တိုက်ပြီး
ကိုယ့်ဂန္ဓာရုံထဲ ဝင်လာတဲ့အခါ...မြတ်နိုးစွာဖြင့် တဆုံးရှူရှိုက်လိုက်သည်...
ငါဆိုတဲ့ကောင်ကလေ...
မင်းနဲ့ပတ်သက်ရင်..
အငွေ့အသက်လေးက အစ တန်ဖိုးထားတာ..မင်းနှလုံးသားက ငါ့ဆီမှာမရှိမှန်းသိသိကြီးနဲ့ကို
ဒီသောက်ပိန်းက
မင်းအရူးလုပ်သမျှ ခံယူရင်း
အနားမှာနေခွင့်ရနေရုံလေးကိုတောင်
ရူးမတတ် ပျော်နေမိတာ....''မင်းသာ အနားမှာရှိနေမယ်ဆိုရင်
ဘာတွေပဲဖြစ်နေနေ.. မပင်ပန်းဘူး Xiao Han.. ''
YOU ARE READING
အကယ်၍သာ...
Fanfictionအကယ်၍သာ... နောင်ဘဝဆိုတာရှိခဲ့ရင်..... အကယ်၍သာ... မင်းကိုပြန်ရှာတွေ့ခဲ့ရင်....... အကယ်၍သာ... နောက်တစ်ကြိမ် ထပ်ချစ်မိခဲ့ရင်..... ငါ့ကိုနည်းနည်းလေးလောက်တော့ ပြန်ချစ်ပေးနိုင်မလား.... EaintPhyu7's 6th creation😍 💥cover is cre...