>>7<<

962 141 6
                                    


''Hyung ကတစ်​​ယောက်​တည်း​နေတာလား.. ''

ကျွန်​​တော့်​လက်​ကို တင်းတင်းဆုပ်​ကိုင်​ထားရင်း
အခန်းကိုလှည့်​ပတ်​ကြည့်​ကာ
မေးလာ​သော Luhan..

''အင်း... ကိုယ့်​မိဘ​တွေက လွန်​ခဲ့တဲ့၆နှစ်​ကတည်းက ဆုံးသွားတာ.. ယာဉ်​မ​တော်​တဆမှုနဲ့.. ''

ဆံပင်​​တွေကိုထိုးဖွရင်း ခပ်​တိုးတိုး​ပြောပြမိ​တော့
သူက ​​သြော်​... ဟုဆိုကာ အသံတိတ်​သွားသည်​...

''ကို​ယ်​က တစ်​ဦးတည်း​သောသား..
အစ်​ကိုဝမ်းကွဲတစ်​​ယောက်​​တော့ရှိတယ်​.. Kim Minseokတဲ့... တစ်​ခန်း​ကျော်​မှာ​နေတယ်​...
အခုချိန်​​တော့ပြန်​​ရောက်​ဦးမှာမဟုတ်​ဘူး.. သူ့အချိန်​ပိုင်းအလုပ်​​တွေက ရှိ​သေးတာမို့​လေ... ''

ကျွန်​​တော်​​ပြောသမျှ စကား​တွေကို
မျက်​လုံးဝိုင်း​လေးနဲ့ ​သေချာနား​ထောင်​​နေသူ​လေး....

''Hey.... အသက်​ရှိ​သေးလား... ''

လွတ်​​နေတဲ့လက်​တစ်​ဖက်​ကို သူ့မျက်​နှာ​ရှေ့ ​ဝှေ့ယမ်းလိုက်​​တော့
မျက်​​တောင်​​လေး​တွေတဖျတ်​ဖျတ်​ခတ်ပြီး
မျက်​လုံး​လေး​တွေ အ​ရောက်​လက်​သွားသည်​...

သူ့ပုံစံက ခုမှအသိစိတ်​ကပ်​လာသလို..

ဒီက​လေးနှယ်​...
မျက်​လုံးဖွင့်​ပြီးများ အိပ်​​နေသလား...

''အမ်​.. ​အော်​.. ကျွန်​​တော်​.. ကျွန်​​တော့်​မှာ အစ်​မတစ်​​ယောက်​ရှိတယ်​.. အစ်​မအရင်း.. နာမည်​က
Lili တဲ့ ..အခု​တော့ဆုံးသွားပြီ.. မိဘ​တွေနဲ့အတူတူ​ပေါ့.. အဟင်း.. တိုက်​ဆိုင်​လိုက်​တာ.. သူတို့လည်း ယာဉ်​မ​တော်​တဆဖြစ်​တာပဲ.. 😅  သူငယ်​ချင်းဆိုလို့ ငယ်​ငယ်​ကတည်းက​ပေါင်းလာတဲ့ Baekhyunပဲရှိတာ..
နောက်​ပြီး .. အခု အထက်​တန်းပထမနှစ်​မှ ဒီ​ကျောင်းကို​ပြောင်းလာတာ... ''

သူ​ပြောပြ​နေတဲ့ သူ့အ​ကြောင်းကို
ခေါင်းတဆတ်​ဆတ်​ငြိမ့်​ရင်း အသိအမှတ်​ပြုကာနား​ထောင်​​​​​နေလိုက်​သည်​...

ခဏတာ တိတ်​ဆိတ်​သွားပြန်​​သော အ​ခြေအ​နေကို ပြန်​ဖြိုခွင်းလာသူက Luhan..

အကယ်​၍သာ... Where stories live. Discover now