>>3<<

1.2K 160 4
                                    


''Hyung.. ညက ...
ထပ်​ဖြစ်​ပြန်​ပြီ... ''

အဆက်​အစပ်​မရှိ​ပြောလိုက်​​သော စကား​ပေမယ့်
အ​ကြောင်းသိပြီးသားဖြစ်​တဲ့
Minseok Hyung က coffee ​သောက်​​နေရင်းက​နေ အံ့သြတကြီးလှည့်​ကြည့်​လာသည်​...

''ဆိုလိုတာက.. ဒိတစ်​ပတ်​ထဲတင်​ကို
၃ညဆက်​တိုက်​လား... ''

ခေါင်းကို အသာငြိမ့်​ပြလိုက်​​တော့
လက်​ထဲက ​သောက်​လက်​စcoffeeကို
တစ်​ချက်​စုတ်​​သောက်​လိုက်​ရင်း

''ထူးဆန်းတယ်​.. '' ဟုဆိုလာသည်​..

''အင်း... ထူးဆန်း​နေတယ်​..
ပိုထူးဆန်းတာရှိ​သေးတယ်​.. Hyung ကြည့်​ကြည့်​.. ''

သွား​လေရာပါလာတတ်​တဲ့
စာအုပ်​​လေးကို ထုတ်​ကာ
နောက်​ဆုံး စာမျက်​နှာကို လှန်​ပြီး
သူ့​ရှေ့ထိုး​ပေးလိုက်​​တော့
ပါးစပ်​​လေးအသာဟကာ အံ့သြ​နေ​သော Hyung..

''Sehun.. ဒါက... ''

''ပုံမှန်​မဟုတ်​ဘူးမလား...
Xiao Han ဆိုတဲ့ လူပုံပဲ အမြဲဖြစ်​​နေရာက​နေ..
ဘာလို့.. ဘုရား​ကျောင်းပုံကြီးဆွဲမိရတာလဲ...
တစ်​ခုခု​တော့တစ်​ခုခုပဲ... ''

စိတ်​ရှုပ်​​ထွေးစွာ စုတ်​သပ်​မိသည်​...

ဘာလို့ ဒိလို​တွေဖြစ်​​နေရတာလဲ..
 သာမန်​လူတစ်​​ယောက်​လိုပဲ
ရိုးရိုး​လေး အသက်​ရှင်​သွားလို့မရဘူးလား...

''Sehun ဒီမှာကြည့်​... ''

Minseok Hyung ပြတဲ့​နေရာကိုကြည့်​လိုက်​​တော့

''1995.5.19''

ရှုပ်​​ထွေး​နေတဲ့ ခဲခြစ်​ရာ​​တွေကြား မထင်​မရှား​ပေါ်​နေ​သော ရက်​စွဲ​လေး..

''Tsk.. ကျွန်​​တော်​​တော့ ရူး​တော့မယ်​ထင်​တယ်​ Hyung ရယ်​.. ''

လေပူတစ်​ချက်​ ဟူးခနဲ မှုတ်​ထုတ်​လိုက်​​​တော့
Hyungက ကျွန်​​တော့်​ပုဆုံးကို ခပ်​ဖွဖွပုတ်​သည်​...

''ကဲပါကွာ.. အဲ့ဒါ​တွေစိတ်​ထဲကခဏထုတ်​ထား..
မနက်​ဖြန်​ basket ball ပြိုင်​ပွဲကိုပဲ
အာရုံစိုက်​ထား.. ''

ခေါင်းတစ်​ချက်​ငြိမ့်​ပြလိုက်​​တော့
Hyung က ပြုံးပြပြီး အခန်းအပြင်​ထွက်​သွားသည်​...

အကယ်​၍သာ... Where stories live. Discover now