1.7K 224 18
                                    

မျက်​နှာ​ပေါ်ကျ​ရောက်​လာတဲ့​နေ​ရောင်​ခြည်​ခပ်​​နွေး​နွေးနဲ့ ​လေ​ပြေ​အေး​အေး​လေး​တွေတိုက်​ခတ်​မှု​ကြောင့်​ကျွန်​​တော်​အရင်​နိုးလာခဲ့သည်​။ ​အပျင်း​ကြောကိုတစ်​ချက်​ဆန့်​ကာ​ဘေးကို​ခေါင်း​စောင်းကာကြည့်​လိုက်​​တော့ နှုတ်​ခမ်း​လေးဆူကာအိပ်​​ပျော်​​နေတဲ့ ကျွန်​​တော့်​ရဲ့ Hyung ..... ဟိဟိ အိပ်​​ပျော်​​နေတဲ့ Hyung က​လေအရမ်းချစ်​ဖို့​ကောင်းတာပဲ။ သူ့နှာ​ခေါင်းချွန်​ချွန်​​လေးကိုအသဲယားစွာညှစ်​မိလိုက်​​တော့ မျက်​နှာ​လေးရှုံ့တွကာ .....

" အင်း ..... ဟင့်​ .... ဟင့်​ .... "

မျက်​တစ်​ချက်​ဖွင့်​ကြည့်​ရင်းကျွန်​​တော်​ပြုံးပြတာမြင်​တာ​တောင်​ ​စောင်​ကို​ခေါင်းထိဆွဲခြုံကာပြန်​အိပ်​သွား​လေရဲ့။ ဒီကလည်း ကင်​နမ်​ဂျွန်​​လေဘယ်​ရလိမ့်​မလဲ။ ​စောင်​ကိုအတင်းဆွဲ​တော့

" အား .... နမ်​ဂျွန်​ရာ .... မလုပ်​နဲ့ကွာငါအိပ်​ချင်​​သေးတယ်​ ... "

" ထ​တော့ Hyung.. .. ဘယ်​နနာရီထိုး​နေပီလဲ .... အိမ်​မှာမဟုတ်​ဘူး​နော်​ .... "

" မသိဘူးကွာ .... အိပ်​မှာပဲ .... "

သူ​စောင်​ကိုအတင်းဆွဲ​နေ​ပေမဲ့ကျွန်​​တော်​ကအတင်းကိုယ်​နဲ့ပတ်​ထားသည်​မို့သူ​ဒေါသထွက်​လာသည်​ထင်​သည်​။ ကျွန်​​တော့်​ရင်​ဘက်​ကိုလှမ်းထိုးရင်း .....

" အကျင့်​ယုတ်​တဲ့ နမ်​ဂျွန်​ ..... ​စောင်​ပြန်​​ပေးကွာ .... "

" ​စောင်​လိုချင်​ရင်​ အာဘွား​ပေး ... "

ကျွန်​​တော်​နှုတ်​ခမ်းဆူကာ​ပြုံးစိစိနဲ့​ပြော​တော့ ဘုကြည့်​ကြည့်​ရင်း

" ငါ အာဘွားပဲ​ပေးမှာ​နော်​ ..... "

ကျွန်​​တော်​​ခေါင်းငြိမ့်​ပြလိုက်​​တော့​ခေါင်း​လေး​မော့ကာကျွန်​​တော်​နှုတ်​ခမ်း​နဲ့ထိရုံ​လေးမျှသာလာထိတဲ့ သူ့ရဲ့နှုတ်​ခမ်း​ဖောင်း​ဖောင်း​လေး။ တခန​လေးသာထိ​တွေ့ပြီးသူပြန်​ခွာရန်​လုပ်​​တော့ သူ့​ခေါင်း​လေး​ကိုလှမ်းကိုင်​ပြီး သူ့နှုတ်​​ခမ်း​လေးကိုအတင်းဖိကပ်​ကာနမ်းလိုက်​​တော့ ....

Take Me To The MoonWhere stories live. Discover now