၁၁

309 25 1
                                    

* အဆိုးဝါးဆုံးသောဘဝရဲ့ရန်ပွဲ*

'' ဆော့ဂျင် မောင်လေးအမစိတ်ချမယ်နော်....အမလည်းမောင်လေးတို့ကိုခနခနအပူကပ်နေရတာအားတော့နာပါတယ်..... ဒါပေမဲ့အမမှာလဲတခြားအားကိုးစရာကလည်းမရှိတော့......"

'' ဟာ....ရပါတယ်ဆိုအမကလည်း.... ကျွန်တော်ကလည်းဘာအလုပ်မှ မှမရှိတာအားနေတာပဲကို....ဂျီဂျီလုံးကလည်းအရင်ထဲကထိန်းနေကြဟာ ရတယ်.....''

ဂျီဂျီလုံးခေါ် ဂျီမင်လေးရဲ့အမေဟာ Single Motherအဖြစ်နဲ့ရပ်တည်နေရသောအမျိုးသမီးဖြစ်သည်။ ဂျီဂျီလုံးကိုထိန်းကြောင်းရတာတစ်ဖက်နဲ့အခုဆိုမူကြိုတက်ရတော့မဲ့အရွယ်ကိုရောက်လာတာမို့ အလုပ်ရှာရန်သူ့ဆီလာအပ်ခြင်းဖြစ်သည်။

အမကဟိုးအရင်ကတည်းကအားနာတက်တာမို့ ဆော့ဂျင်မှာမနည်းချော့ပြောယူနေရသည်။ ဂျီလုံးအမေကအားနာလိုက် သူကရပါတယ်နေလိုက်နဲ့ စကားကတော်တော်နဲ့မပြီး ဆယ်မိနစ်လောက်သံသရာလည်နေပြန်သည်။

" ဟယ်ယောင်းရေ.....သွားကြမယ်လေ အင်တာဗျူးနောက်ကျရင်မကောင်းဘူး...."

" အေးအေး....လာပြီလာပြီ!! ''

အိမ်ရှေ့ကလှမ်းအော်ခေါ်နေသည့်အမရဲ့သူငယ်ချင်းတွေကြောင့် ဆော့ဂျင်လက်ထဲမှာငိုမဲ့မဲ့ဖြစ်နေတဲ့သားဖြစ်သူဂျီလုံးပါးလေးကိုငုံ့နမ်းလိုက်သည်။

'' မေမေ....ဂျီ့ဖို့မုန့်များကြီးဝယ်ခဲ့နော်...''

" အင်းပါသားရဲ့....အများကြီးဝယ်ခဲ့မယ်နော်....မေမေသွားတော့မယ် ဦးဦးဆော့ဂျင်နဲ့လိမ်လိမ်မာမာနေခဲ့နော်.....''

'' ဟုတ်ကဲ့...."

ချီပွေ့ထားတဲ့ဆော့ဂျင်လက်ထဲမှာငိုမဲ့မဲ့ဖြစ်နေတဲ့ဂျီဂျီလုံးဟာ သူ့အမေမထွက်သွားခင်မှာငိုမဲ့မဲ့နဲ့ကြောင်ချီးပေလေးလိုပေမဲ့ သူ့အမေကားပေါ်တက်ပြီးဝူးခနဲထွက်သွားချိန်မှာ ကြောင်ချီးရုပ်ဂျီလုံးဟာ လက်ပေါ်မှာတင်တွန့်လိမ်ရင်း လက်သေးသေးလေးတွေကိုဆုပ်လိုက်ပြီးမိုးပေါ်ထောင်ကာအောင်ပွဲခံသလိုလှုပ်ရွနေ၏။

'' ဟဟ....ဂျီလုံးကြီးသူ့အမေထွက်သွားလို့ဂေါက်​ေနပြီဟေ့...."

ဆော့ဂျင် မျက်စိပြူးကာအံ့ဩသလိုနဲ့ လက်ပေါ်ကဂျီလုံးကိုကြည့်ပြီးပြောတော့ ကနေတဲ့ကလေးပေါက်စက ဆော့ဂျင်နှုတ်ခမ်းကိုပြွတ်ခနဲလှမ်းနမ်းပြီးတခိခိရယ်သည်။

Você leu todos os capítulos publicados.

⏰ Última atualização: Jun 14, 2022 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Take Me To The MoonOnde histórias criam vida. Descubra agora