1.4K 181 13
                                    

" အိမ်​ပြန်​​ရောက်​ပါပြီ ..... "

တံခါးကိုအသာတွန်းဖွင့်​ပြီး အသာဝင်​လာလိုက်​​ကာ အသံပြုမိ​တော့ ဧည့်​ခန်းမှာအကျအနထိုင်​ကာ တီဗွီထိုင်​ကြည့်​​နေတဲ့ ကျွန်​​တော့်​ရဲ့ချစ်​ရပါ​သော ​ယောက်ျား​လေးက အလှဆုံးပြုံးကာ ကျွန်​​တော့်​ဆီကို လက်​​လေးနှစ်​ဖက်​ဆန့်​တန်းပြီး ​ပြေးလာပါ​လေရဲ့။

" ဒီ​နေ့ ​စောလိုက်​တာ​နော်​ ..... "

လက်​ထဲကအိတ်​ကိုဆွဲယူပြီး ခါးကိုဖက်​ကာချွဲနွဲ့နွဲ့​လေးဆို​တော့ ကျွန်​​တော်​အသည်းယားစွာ ပါး​လေးကိုဆွဲဖဲ့လိုက်​ရင်း_

" ​စော​စောပြန်​လာတာ မ​ကောင်းဘူးလား အချစ်​ရဲ့ .... "

" အာ ..... အဲ့လို​ပြောတာမဟုတ်​ပါဘူး ငါက ဒီအတိုင်းပဲ ​ပြောလိုက်​တာ .... "

" အင်းပါ .... ထားလိုက်​​တော့ ကျွန်​​တော်​​ရေသွားချိုး​တော့မယ်​ နဲနဲပင်​ပန်းလာတယ်​ Hyungရယ်​ ... ဒီည​စော​စောအိပ်​ရ​အောင်​ ... "

" အင်းပါ .... သွား သွား ... "

လက်​ဆွဲအိတ်​​လေးဆွဲကာ အိမ်​​ပေါ်ကို​ပြေးတက်​သွားတဲ့သူ​လေးကို ကျွန်​​တော်​​ငေးကြည့်​​နေမိသည်​။ သူက​လေ ဘယ်​လို​တောင်​ ချစ်​စရာ​ကောင်းတာ။ နဂိုထဲကမှ ချစ်​ဖို့​ကောင်း​နေတာကို ထယ်​​ယောင်းက​မြှောက်​​ပေးလို့ ဆံပင်​အ​ရောင်​​လေးက ဆိုးလာ​သေးတယ်​။

ကျွန်​​တော်​ဆိုသူကလည်း သူ့လှုပ်​ရှားမှု​လေးကို အ​သေးစိတ်​လိုက်​မှတ်​​နေတက်​သူလို ​ရေချိုးခန်းဆီ​ခြေမလှည့်​ဖြစ်​​သေးပဲ သူ့ကိုပဲ ​ငေးကြည့်​​နေမိတယ်​။ အကျီက ချွတ်​လက်​စတန်းလန်းကြီးနဲ့ ​ချွေး​တွေနဲ့ ကျွန်​​တော့်​မျက်​နှာက နည်းနည်း​တော့ ညစ်​​ပေ​ပေဖြစ်​​နေမယ်​ထင်​တယ်​။ ဒီကြားထဲ ဝက်​ခြံကထွက်​​နေ​သေး။

" ဟာ ..... နမ်​ဂျွန်​ ခုထိ​ရေမချိုး​သေးပဲ မတ်​တပ်​ကြီး ဘာရပ်​လုပ်​​နေတာတုန်း .."

ကျောက်​ရုပ်​ကြီးလို မတ်​မတ်​ကြီးရပ်​​နေတဲ့ ကျွန်​​တော့်​ကိုမြင်​​တော့ မျက်​ဝန်း​လေးဝိုင်းကာ ​မေးသည်​။ ကျွန်​​တော်​ အစွမ်းကုန်​သွားကိုဖြီးပြလိုက်​ရင်း _

Take Me To The MoonTempat cerita menjadi hidup. Temukan sekarang