ဟွန်း ......အမောင်ဆော့ဂျင်တို့များအစားအသောက်နဲ့ပတ်သတ်ရင် အိနြေ္ဒရှင်ပီသချက်။ ဒီနေ့ သူပဲရုံးမသွားနဲ့ အိမ်မှာနားနားနေနေလေးနဲ့ အတူတူရုပ်ရှင်ကြည့်ကြမယ်ဆိုပြီးပြောထားပြီးကာမှ ထယ်ယောင်းနဲ့ ဟိုဆော့တို့ သမီးရည်းစားပေါက်စက တစ်နှစ်ပြည့်တဲ့အထိမ်းအမှတ်ဆိုပြီး မနက်ထဲကခေါ်သွားတာ။
ခုပဲ ညနေ၅နာရီဖြစ်နေပြီ။ အရိပ်လေးတစ်စွန်းတစ်စတောင်ပေါ်မလာကြဘူး။ ဘယ်တွေများကလေရိုက်နေကြသတုံး။
ဟို ချစ်သတုံးကြီးကလည်း ကိုယ့်လင်တစ်ယောက်လုံးကို စိတ်ချလက်ချကိုထားသွားနိုင်တယ်။ တော်သေးတာပေါ့ ကိုယ်က သူ့ပဲစွဲလမ်းတကြီးချစ်နေတဲ့ သူမို့။ တခြားသူတွေလိုဆို စမောလား ဘာလား အဲ့ဒါဆွဲနေပြီ။
ဒါပေမဲ့လည်း ကျွန်တော်ဆိုတဲ့ ကင်နမ်ဂျွန်ကတော့ ဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူး။ ဘာလို့ဆို ကျွန်တော် ကင်ဆော့ဂျင်လေးရဲ့ တစ်ဦးတည်းသော ချစ်လင်တော်ကြီးဖြစ်နေတာကိုး ခဗျ။
အချစ်သာရှိရင် ဒီကမ္ဘာမှာအရာရာပြည့်စုံတယ်ဆိုတဲ့ စကားလုံးလေးက ကျွန်တော် ကင်နမ်ဂျွန် လေးအတွက်များ သီကုံးထားခဲ့ကြလေသလား။ အဟီးဟီး ....
အမလေးလေး ..... ပျင်းလိုက်တာ။ တီဗွီလေး ဘာလေးကြည့်လိုက်ဦးမယ်လို့ တွေးပြီး မတ်တပ်ထရပ်ကာမှ အိမ်ရှေ့ဆီက ဘဲလ်သံကထမြည်လာတယ်။
အယ် ...... ကျွန်တော့်အချစ်ဆုံးလေးပြန်လာပြီထင်ရဲ့။ အဟင့် .... တစ်နေ့လုံးပစ်ထားခဲ့လို့ စိတ်ကောက်ချင်ယောင်ဆောင်ပစ်လိုက်မည်။
ကိုယ့်အတွေးနဲ့ကိုယ်သဘောကျစွာ တစ်ချက် ခွီးခနဲထရယ်လိုက်ပြီးမှ ပါးစပ်ကိုလက်နဲ့အုပ်ပြီး ချောင်းတစ်ချက်ဟန့်ကာ အိမ်ရှေ့ကတံခါးမကြီးကို ဆွဲဖွင့်လိုက်တော့။
အောင်မလေးလေး ....။
ရုပ်ပျက်ဆင်းပျက်နဲ့ကို မူးရူးနေတဲ့ ဂျောင်ဟိုဆော့ဒီဆော့ ဆိုသောကိုယ်တော်။ ဘေးက သူ့ချစ်သူ ထယ်ယောင်း ကတော့ ခါးကိုမနည်းထိန်းကိုင်နေရသည်။

VOUS LISEZ
Take Me To The Moon
Fanfictionစိတ်ကူးရှိရာချရေးမဲ့ Free plot Fictionပါ။ ဟာသဘက်ပိုသွားမှာပါ ><