1.8K 215 6
                                    

Ring .... Ring ....

" နမ်​ဂျွန်​​ရေ ..... ဖုန်းလာ​နေတယ်.... "

အောက်​ထပ်​က​နေလှမ်း​အော်​​နေတဲ့ကျွန်​​တော့်​ရဲ့Hyung .... ကျွန်​​တော်​ရုံးသွားရန်​အတွက်​​ရေမိုးချိုးအဝတ်​အစားလဲ​နေခြင်းဖြစ်​သည်​။ ဖုန်းက​အောက်​ထပ်​​ကလာ​နေခြင်းကို အ​ပေါ်ထပ်​ကကျွန်​​တော့်​ကို​ခေါ်​နေခြင်းဖြစ်​သည်​။ ကျွန်​​တော်​အကျီကြယ်​သီးတပ်​လက်​စနဲ့မို့

" Hyung ...... ကျွန်​​တော်​အခန်းထဲမှာ အကျီဝတ်​​နေလို့ .... "

" Ya ..... ငါမီးဖိုခန်းထဲမှာ မအားလို့ မင်းလာကိုင်​လိုက်​ပါဟ ..... "

လုပ်​ပြီ။ ဘာမှကြာတာမဟုတ်​မီးဖိုခန်းထဲကထွက်​ပြီးတစ်​လှမ်းနှစ်​လှမ်း​လျောက်​လိုက်​ရင်​​ရောက်​ပြီဖြစ်​တဲ့ဧည့်​ခန်းကိုမသွားချင်​လို့ အ​ကြောင်းပြ​နေပြန်​သည်​။ အင်း .... ကျွန်​​တော်​ကလည်းချစ်​​နေရသူမို့ အလိုလိုက်​ရပြန်​တာပဲ​လေ။

ကျွန်​​တော်​​အကျီကြယ်​သီးတပ်​လက်​စနဲ့နတ်​ခ်​တိုင်​ကိုလက်​ကဆွဲရင်​​အောက်​ထပ်​ကိုအ​ပြေးဆင်းရသည်​။ ​တော်​ကြာ​နောက်​ကျလို့ဖုန်းကျသွားတယ်​ဆိုပြီး အဆူခံရဦးမည်​။

တစ်​ဂွမ်​ဂွမ်​မြည်​​နေတဲ့ကျွန်​​တော့်​တို့ရဲ့အများသုံးအိမ်​ဖုန်းကိုလှမ်းကိုင်​လိုက်​သည်​။

" Hello ... အမိန့်​ရှိပါဗျ .... "

" သား ... နမ်​ဂျွန်​လား .... ​​မေ​မေပါ ... "

ကျွန်​​တော့်​ရဲ့ချစ်​လှစွာ​သော​မေ​မေကဖုန်း​ခေါ်ခြင်းဖြစ်​သည်​။ ​မေ​မေကကျွန်​​တော့်​ကိုအရမ်းချစ်​ရှာသည်​။ လို​လေ​သေးမရှိအနားမှာ​နေကာဖြည့်​ဆည်း​ပေးတက်​သူ။ မျက်​နှာတစ်​ချက်​မညှိး​စေရ​အောင်​လုပ်​​ပေးတက်​သူ။ Hyung နဲ့လက်​ထပ်​မည်​ဆိုတုန်းက ​ဖေ​ဖေကအနည်းငယ်​လက်​မခံမှုပြု​သော်​လည်း ​မေ​မေကနားလည်​လက်​ခံကာလက်​ထပ်​ခွင့်​ပြု​ပေးသူဖြစ်​သည်​။ ​ဖေ​ဖေကိုလည်းနားဝင်​​အောင်​​ပြောပြ​ပေးခဲ့သူ။ ​မေ​မေက Hyung ကိုလည်းအရမ်းချစ်​ရှာသည်​။ တခါတ​လေ အိမ်​​ထောင်​ရှင်​​တွေထုံးစံအတိုင်းစကားများရန်​ဖြစ်​ကြရင်​​တောင်​ ​မေ​မေက Hyung ဘက်​ကလိုက်​ကာ ကျွန်​​တော့်​ကို​တောင်​အပြစ်​တင်​တက်​​သေးသည်​။ အခု ​မေ​မေကဖုန်းဆက်​လာသည်​ဆို​တော့ ​ဖေ​ဖေဘာများဖြစ်​လို့ပါလိမ့်​ .....

Take Me To The MoonTahanan ng mga kuwento. Tumuklas ngayon