1.6K 206 20
                                    

" သား​လေး ..... ​နောက်​အားလပ်​ရက်​ကျရင်​ အဲ ..... သား​လေးပျင်းရင်​ ​မေ​မေတို့ဆီလာလည်​ဦး​နော်​ သား​လေး .... ကျန်းမာ​ရေးလည်းဂရုစိုက်​​နော်​ ....... "

Hyung ရဲ့လက်​ကိုဆုပ်​ကိုင်​ကာ မှာတမ်း​တွေတဖွဖွ​ချွေ​နေ​သော ကျွန်​​တော့်​ရဲ့​မေ​မေ .....။ Hyung ကလည်းမျက်​ရည်​​လေးစမ်းစမ်းနဲ့ ​မေ​မေလက်​ကိုပြန်​ဆုပ်​ကိုင်​ကာ ပွစိပွစိနဲ့ပြန်​အား​ပေး​နေ​လေရဲ့ ...... ​မေ​မေကကျွန်​​တော့်​ထက်​ Hyung ကိုပိုချစ်​သည်​။ ခုပဲကြည့်​​လေ .....သားအရင်းဖြစ်​သူက​ဘေးမှာမတ်​တပ်​ကြီးစုံရပ်​​နေတာ​တောင်​ Hyung ကိုပဲမှာတမ်း​ချွေ​နေ​လေရဲ့။ ကျန်းမာ​ရေးဂရုစိုက်​၊ အစားလည်းဆင်​ခြင်​ ၊ အ​အေးလည်းမခံနဲ့ အို ..... စုံလို့ပါပဲ ။ ကျွန်​​တော်​ Hyung ကိုမိဘ​တွေနဲ့မိတ်​ဆက်​​ပေးဖို့စ​ခေါ်လာထဲက ​မေ​မေက Hyung ကိုစမြင်​ကာ သား သား နဲ့ပါးစပ်​ဖျားကကိုမချ။ ကျွန်​​တော်​နဲ့ Hyung လက်​ထပ်​ကာအတူ​နေကြ​တော့လည်း ​မေ​မေကသာအစစအရာရာအဆင်​​ပြေ​အောင်​အိမ်​ရာဘာညာအကုန်​စီစဉ်​​ပေးခဲ့တာ။

တကယ်​​တော့ ​ဆော့ဂျင်​ Hyung နဲ့ကျွန်​​တော်​ရဲ့အချစ်​ဇာတ်​လမ်း​လေးကသူများ​တွေလိုစွန့်​စားတာ​တွေ ခက်​ခဲတာ​တွေသိပ်​​တော့မရှိဘူးဗျ .....။ ဒါ​ပေမဲ့ လူပတ်​ဝန်းကျင်​မှာအနည်းငယ်​လူ​ပြောစရာ​တော့ဖြစ်​ခဲ့တာ​ပေါ့​လေ။ ​ယောကျာ်းချင်းလက်​ထပ်​ကာဘဝတစ်​ခုကို​လျှောက်​လှမ်းကြတာမို့ လူကုံတန်​အသိုင်းအဝိုင်းဖြစ်​တဲ့ Hyung ရဲ့မိဘ​တွေက​တော့ ခုထိ Hyungကိုအ​မွေဖြတ်​စွန့်​လွှတ်​ခဲ့ကြတယ်​။ ဒါ​ကြောင့်​ ..... ကိုယ်​ချစ်​တဲ့သူ့အ​ပေါ်ဝန်​ထုပ်​ဝန်​ပိုးများဖြစ်​​စေမလားလို့ ခံစားမိလာရတဲ့အချိန်​မှာ .....

ငါ့ကိုလူ​တွေဝိုင်းကဲ့ရဲ့လို့ စိတ်​မ​ကောင်းမဖြစ်​ပါနဲ့ ....ငါတကယ်​လို့​ကြောက်​လာရင်​ မင်းရဲ့ဘယ်​ဘက်​ကချိုင့်​ဝှမ်း​လေးထဲကိုဝင်​ပုန်း​နေမှာ​ပေါ့ .... အဲ့​တော့ မင်းဘက်​ကအဆင်​သင့်​ဖြစ်​​အောင်​ အမြဲတမ်းပြုံးထား​ပေး ....

Take Me To The MoonDonde viven las historias. Descúbrelo ahora